
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်
တရုတ်နိုင်ငံရဲ့ အင်အားကြီးမားလာတဲ့ စစ်ရေးစွမ်းရည်ကို တန်ပြန်ဖို့ သြစတြေးလျနိုင်ငံက အမေရိကန် နိုင်ငံမှ တာဝေးပစ်စစ်လက်နက်တွေ ဝယ်ယူဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။
ဒေါ်လာ သန်း ၈၃၀ တန်ကြေးရှိ တိုမာဟော့ခ်ဒုံးကျည် ၂၀၀ ကျော်ဟာ သြစတြေးလျစစ်တပ်အတွက် နည်းပညာပိုင်းအရ ခေတ်အမီဆုံး စစ်လက်နက်တွေဖြစ်လာမယ်လို့ ကာကွယ်ရေးဝန်ကြီး ပတ်ကွန်ရွိုင်းက ပြောပါ တယ်။
“ဒုံးကျည်ခေတ်ကို ရောက်ရှိလာပြီဆိုတော့ ဒီတိုမာဟော့ခ်ဒုံးကျည်တွေက သြစတြေးလျပြည်သူတွေကို ကာကွယ်ပေးဖို့ အကောင်းဆုံး စစ်လက်နက်တွေ ဖြစ်လာပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေဟာ အကွာအဝေး ကီလိုမီတာ ၁၀၀၀ ကျော်အထိ ရောက်ရှိနိုင်ပြီး သြစ တြေးလျရေတပ်ရဲ့ Hobert အတန်းအစား ဖျက်သင်္ဘောတွေမှာ တပ်ဆင်မှာဖြစ်ပါတယ်။
Aukus သဘောတူညီချက်အရ သြစတြေးလျနိုင်ငံက ဝယ်ယူခဲ့တဲ့ နျူကလီးယားစမ်းအင်သုံး ရေငုပ် သင်္ဘောတွေမှာ အဆိုတိုမာဟော့ခ်ဒုံးကျည်တွေကို တစ်ဖြည်းဖြည်း တပ်ဆင်မှာဖြစ်ပါတယ်။
ဗြိတိန်နဲ့ အမေရိကန်လိုမျိုး သြစတြေးလျနိုင်ငံရဲ့ မဟာမိတ်တွေဟာ တိုမာဟော့ခ်ဒုံးကျည်ပိုင်ဆိုင်ထား တဲ့ တိုင်းပြည်နှစ်ခုဖြစ်ပါတယ်။
ပြည်တွင်းမှာ ဒုံးကျည်တွေထုတ်လုပ်နိုင်အောင် သြစတြေးလျနိုင်ငံကို ကူညီမယ်လို့ အမေရိကန်နိုင်ငံက မကြာသေးမီ ကြေညာခဲ့ပါတယ်။
“ကျွန်တော်တို့ တိုမာဟော့ခ်ဒုံးကျည်တွေကို ဝယ်ယူပေမယ့် ပြည်တွင်းမှာ ထုတ်လုပ်နိုင်အောင် ကြိုးပမ်း ပါမယ်” လို့ သူက ဆိုပါတယ်။
အမေရိကန်စစ်တပ်ဟာ မကြာသေးမီနှစ်တွေအတွင်း တောင်ပိုင်းသြစတြေးလျရှိ သြစတြေးလျစစ်တပ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ အသံထက်မြန်သော ခရုဇ်ဒုံးကျည်မူကွဲတွေကို စမ်းသပ်ခဲ့ပါတယ်။
ကိုးကား – The Straits Times
Ref; Australia to buy long-range missiles from US