ဧရာဝတီတိုင်းမ်
(ကနီ)၊ ဩဂုတ်လ ၂၂ ရက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မှကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာသို့ အင်အား ၃၀၀ ဖြင့်စစ်ကြောင်းထိုးလာပြီး စစ်ကောင်စီတပ်နှင့် ရှေ့ပြေးကင်း‌ထောက်များကို ဩဂုတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့၊ ၂၀ ရက်နေ့များတွင် မြေပြင်မှဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့်လည်း ဗုံးသီးချတိုက်ခိုက်ခဲ့ရာ တပ်သားတစ်ဦးသေဆုံးခဲ့ပြီး တပ်စိတ်မှူး ထွန်းဝင်းကိုအရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း၊ ကနီမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးများကို ဩဂုတ်လ ၁၇ ရက်နေ့မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ လေး ရက်တာအတွင်း ဒရုန်း (Shar Htoo Waw နည်းပညာမောင်သူ့မဲ့လေယာဉ်) များဖြင့် အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်လုံးကြီးPDF ထံက သိရသည်။

“နွားခြံကုန်း တိုက်ပွဲက မြေပြင် ဝေဟင် ပူးတွဲတိုက်တာဗျ။ ကနီမြို့ပေါ်နဲ့ ပျူရွာကတော့ ၆၀-မမတွေ၊ လက်နက်ငယ်‌တွေနဲ့ ပြန်ပစ်တယ်ဗျ။ ရဲဘော်တွေ အထိအခိုက်မရှိဘူး။ နွားခြံကုန်းက အဲ့စစ်ကြောင်း နွားခြံကုန်းရွာကနေ နောက်ပြန်ဆုတ်ပီး ကျောက်မှော်ရွာနဲ့ ပန်းတိန်ပြင်ရွာဘက်ရောက်နေပြီ” ဟု ကျောက်လုံးကြီးKLG PDFတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဩဂုတ်လ ၁၉ ရက်နှင့် ဩဂုတ်လ၂၀ ရက်နေ့များတွင် ကနီမြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ကနီမြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်းလည်း KLG PDFထံက သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို KLG စစ်ကြောင်း ULF ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDF ကျောက်လုံးကြီးအဖွဲ့ နှင့် Salingyi Special Task Force_SSTF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကနီမြို့ပေါ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်ကလည်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းနှင့် စစ်ကောင်စီစခန်းချထားသည့်နေရာများကို ကျောက်လုံးကြီး PDFနှင့်ပူးပေါင်း အဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ တပ်သား ၈ ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

ဓာတ်ပုံ – KLG PDF

#ကနီမြို့ #စစ်ကောင်စီတပ်စစ်ကြောင်းထိုး #ရဲစခန်းထွေအုပ်ရုံး #တိုက်ပွဲ #PDF #ဒရုန်း #အရှင်ဖမ်းမိ #Ayeyarwaddy_Times