
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်
ကမ္ဘောဒီးယားလွှတ်တော်က ယနေ့ အာဏာရှင် ဟွန်ဆမ်ရဲ့ အကြီးဆုံးသားဖြစ်သူ ဟွန်မာနက်ကို ဝန် ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့ရာ ပြီးခဲ့တဲ့လက တစ်ဖက်သတ်ရွေးကောက်ပွဲ ကျင်းပပြီးနောက် အာဏာလက်ဆင့် ကမ်းမှုပြုလုပ်လိုက်ပါတယ်။
ဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် တစ်ညီတစ်ညွတ်တည်း ရွေးချယ်လိုက်ကြောင်း ကမ္ဘောဒီးယား လွှတ် တော်ဥက္ကဌ ဟန်ဆမ်ရင်က ကြေညာပါတယ်။ “ဒီနေ့ဟာ ကမ္ဘောဒီးယားနိုင်ငံအတွက် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါ တယ်” လို့ ဟွန်မာနက်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။
အတိုက်အခံတွေကို ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားတဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ကာ သားဖြစ်သူ ဟွန်မာနက်ကို အာဏာလွှဲပြောင်းပေးမယ်လို့ ကမ္ဘောဒီးယားနိုင်ငံ ကို သံမဏိစည်းမျဉ်းနဲ့ ဆယ်စုနှစ်လေးခုကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဟွန်ဆမ်က ပြောပါတယ်။
ဟွန်မာနက်ရဲ့ အစိုးရအဖွဲ့သစ်မှာ ဆွေမျိုးတွေ၊ ဟွန်ဆမ်ရဲ့ မဟာမိတ်ဖြစ်သူတွေရဲ့ သားသမီးတွေ ပါဝင် ပါတယ်။ ဟွန်ဆမ်ရဲ့ အငယ်ဆုံးသား ဟွန်မန်နီက ပြည်သူ့ရေးရာဝန်ကြီး၊ လက်ရှိရဲတပ်ဖွဲ့ အကြီးအကဲ တူဖြစ်သူ နက်ဆိုဗွန်က ဒုတိယဝန်ကြီးချုပ် ဖြစ်လာမှာဖြစ်ပါတယ်။
လက်ရှိ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ သားဖြစ်သူတွေက ဖခင်တွေရဲ့ ရာထူးနေရာတွေကို ဆက်ခံမယ်လို့ အစိုးရအဖွဲ့သစ်စာရင်းအရ သိရပါတယ်။
ဟွန်မာနက်အတွက် အသက်အန္တရာယ်ရှိလာရင် သူက ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ယူမယ်လို့ ဟွန်ဆမ်က သတိပေးခဲ့ပါတယ်။ ဟွန်မာနက်ဟာ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံမှာ ပညာသင်ခဲ့ပေမယ့် ဖခင်ဖြစ်သူ ထက် လစ်ဘရယ်ကျမယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။
အာဏာရပါတီ အမြဲတမ်းကော်မတီဝင်တစ်ဉီးအနေန့ ဟွန်မာနက်ဟာ ၂၀၁၈ ခုနှစ်ကတည်းက တော်ဝင် ကမ္ဘောဒီးယားစစ်တပ်ရဲ့ တပ်မှူးဖြစ်ပါတယ်။
ဟွန်မာနက်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိကမဟာမိတ်နဲ့ ကျေးဇူးရှင် တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအ ဝင် ကမ္ဘာ့ခေါင်းဆောင်အချို့နဲ့ တွေ့ဆုံခဲ့ပြီးပါပြီ။
ကိုးကား – AFP
Ref; Cambodian lawmakers elect Hun Sen’s son as next leader