
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၂ ရက်
မြန်မာပဋိပက္ခကို ဖြေရှင်းပေးမယ့် အားလုံးဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ရေး အင်ဒိုနီးရှားအစိုးရ က နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဆက်လက်ကြိုးပမ်းမယ်လို့ သိရပါတယ်။
“အာဆီယံအဖွဲ့ထဲမှာတောင် မြန်မာ့အရေးက အဓိကထား ဆွေးနွေးရတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်” လို့ အင်ဒို နီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။
ရတ်နိုမာဆူဒီက အွန်လိုင်းမှတစ်ဆင့်တက်ရောက်တဲ့ အနောက်ဆုမားတြားပြည်နယ် ပါဒါန်းမြို့တော်မှာ ပြုလုပ်တဲ့ “အင်ဒိုနီးရှားနိုင်ငံရဲ့ ပျော့ပြောင်းသော သံခင်းတမန်ခင်း ဖော်ဆောင်မှုမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍ” လို့ အမည်ပေးထားတဲ့ လူထုပို့ချမှုတစ်ခုမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွက် အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရှိ သက် ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရေးအပါအဝင် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးအဖြေရှာဖို့ ကြိုးပမ်းမယ်လို့ သူက ဆိုပါတယ်။
ငြိမ်းချမ်းရေးမစ်ရှင်က မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေ အထူးသဖြင့် အာဏာသိမ်းစစ်ကောင်စီရဲ့ သဘော ထားအပေါ် မူတည်လိမ့်မယ်လို့ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နယ်သာလန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရတ်နိုမာဆူဒီက ပြောပါတယ်။
“မြန်မာ့အရေးအတွက် တာရှည်ခံတဲ့ ငြိမ်းချမ်းသောအဖြေတစ်ခုရှာဖို့က သက်ဆိုင်သူတွေ အထူးသဖြင့် အာဏာသိမ်းစစ်ကောင်စီအပေါ် အမှန်တစ်ကယ် မူတည်ပါတယ်” လို့ သူက ဆိုပါတယ်။
စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့အတွက် အာဆီယံနိုင်ငံတွေက စဉ် ဆက်မပြတ် တွန်းအားပေးခဲ့တယ်လို့ သူက ထောက်ပြပါတယ်။
အင်ဒိုနီးရှားအစိုးရက မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ဆက်ဆံရေးထူထောင်ဖို့ လုပ် ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းအချက်အလက်နှင့် သံခင်းတမန်ခင်းဌာန ညွှန်ကြားရေးမှူး ချုပ် တီကူးဖိုင်ဇာယက်က ပြောပါတယ်။
“ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့က အချိန်လိုပြီး မျှော်မှန်းချက်တွေက ချက်ချင်း မပြီး မြောက်နိုင်ပါဘူး” လို့ သူက ထပ်ပြောပါတယ်။
ကိုးကား – Antara News
Ref; Indonesia continues to strive for inclusive dialogue in Myanmar