
-တရားဝင်ဈေးကွက်တွင် နိုင်ငံခြားငွေဝယ်ယူနိုင်ပြီး အသေးသုံးငွေ ဒေါ်လာ ၃၀၀ မှ ၅၀၀ အထိ ရန်ကုန်လေဆိပ်တွင် ဝယ်ယူနိုင်မည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ထုတ်ပြန်
-ကွင်းကောက်တွင်ပျူစောထီး(ပြည်သူ့စစ်) အင်အားတစ်ရာဝန်းကျင် ထက်မနည်းကို စစ်သင်တန်းပေးနေ
-ဇလုပ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ ဒေသခံတစ်ဦးဒဏ်ရာရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပါက ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟု ခြိမ်းခြောက်
-ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းကိုပြန်လာရင် ဖမ်းဆီးပြီး တရားရုံးချုပ်ကို လွှဲပြောင်းမယ်
-အခွန်တံဆိပ်ခေါင်း ကပ်ခြင်းမရှိပါက လုပ်ငန်းပိတ်သိမ်းမည်ဟု ဟင်္သာတ မြို့နယ်အခွန်ဦးစီးဌာနမှ အစည်းအဝေးခေါ်၍ခြိမ်းခြောက်
-ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေရဲစခန်း ၀င်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက် အောက်ခံ ရဲတပ်သား ၅ ဦးသေဆုံး
-မြဝတီတွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေလဲပေးသူကို ငွေလဲသူဟန်ဆောင်ကာ ဓားဖြင့်ထိုး၍ ငွေများလုယူ
-ကလေးမြို့ သာစည်ရွာတွင် ပြည်သူ ၅ဦးကို သတ်ဖြတ်ပြီး ကျေးရွာကိုလည်း ၅ ရက် ဆက်တိုက်မီးရှို့
-ကျိုက်မရောက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ