
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၁ ရက်
အသက် ၇၄ နှစ်အရွယ် ထိုင်းဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်က သြဂုတ်လ ၂၂ ရက်မှာ ဒွန်မောင်းလေ ဆိပ်ကို အထူးလေယာဉ်နဲ့ ဆိုက်ရောက်လာလာချင်း သူ့ကို ရဲတပ်ဖွဲ့နဲ့ အကျဉ်းဉီးစီးဌာန တာဝန်ရှိသူတွေက ဖမ်း ဆီးမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မနက်ဖြန် မနက် ၉ နာရီမှာ ဖခင်ဖြစ်သူနဲ့ ဒွန်မောင်းလေဆိပ်မှာ တွေ့ဆုံမယ်လို့ သက်ဆင်ရှင်နာဝပ်ရဲ့ အငယ်ဆုံးသမီး ပေတန်တန်ရှင်နာဝပ်ထရာက အင်စတာဂရမ်ပို့တစ်ခုမှာ ရေးသားခဲ့ပါတယ်။
တရားရုံးချိန်ပြီးနောက် သက်ဆင်ရဲ့အမှုအတွက် ရဲနဲ့ အကျဉ်းဉီးစီးဌာနက အရေးပေါ်အစီအစဉ်တစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
သက်ဆင်က တရားရုံးချိန်အတွင်း ရောက်ရှိလာရင် အကျဉ်းဉီးစီးဌာနမှ တာဝန်ရှိသူတွေက သူ့ကို ဗန် ကောက်မြို့တော်ရှိ ရီမန်အကျဉ်းထောင်သို့ မခေါ်ဆောင်မီ တရားရုံးချုပ် ရာဇဝတ်ဌာနသို့ ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။
တရားရုံးချိန်ပြီးမှ သက်ဆင်က ရောက်ရှိလာရင် သူ့ကို ရဲတပ်ဖွဲ့ထံ ခေါ်ဆောင်သွားကာ နောက်နေ့မနက် တရားရုံးချုပ်သို့ မခေါ်ဆောင်မီ တစ်ညတာ ထိန်းသိမ်းထားမယ်လို့ သိရပါတယ်။
သက်ဆင် ရောက်ရှိလာရင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးကာ ဖမ်းဆီးမှုကို မှတ်တမ်း တင်ဖို့ ဒွန်မောင်းလေဆိပ်ရဲတပ်ဖွဲ့သို့ ခေါ်ဆောင်သွားမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်ကောက်ရီမန်အကျဉ်းထောင်သို့ လွှဲပြောင်းပေးချိန်မှာ သက်ဆင်ကို အကျဉ်းသားတစ်ဉီးအဖြစ် သတ် မှတ်မယ်လို့ အကျဉ်းဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် အာယွပ်ဆင်တိုဖန်က ပြောပါတယ်။ ဒါ့အပြင် သက်ဆင်ကို ၁၀ ရက်ကြာတဲ့အထိ ကွာရန်တင်းဝင်ခိုင်းမယ်လို့လည်း သိရပါတယ်။
သက်ဆင်က အသက်အရွယ်ရနေပြီဖြစ်လို့ အနီးကပ် စောင့်ရှောက်မှု လိုလို အကျဉ်းထောင်ဆရာဝန်တွေ က ဆုံးဖြတ်ပေးမယ်လို့ ဆိုပါတယ်။ သက်ဆင်မှာ နာတာရှည်ရောဂါမရှိဘူးဆိုရင် သူ့ကို အကျဉ်းထောင်ဆေးရုံမှာ ထိန်းသိမ်းထားဖို့ အကျဉ်းထောင်ဆရာဝန်တွေက ဆုံးဖြတ်မှာဖြစ်ပါတယ်။
ထိန်းသိမ်းခံရတဲ့ ကနဉီးကာလအတွင်း သက်ဆင်ကို ဆွေမျိုးတွေ လာရောက်တွေ့ဆုံနိုင်ရေး ခွင့်ပြုဖို့ ထောင်ပိုင်တွေက စဉ်းစားမယ်လို့ သိရပါတယ်။
ကိုးကား – The Straits Times
Ref; Thaksin will be arrested and handed over to Thai Supreme Court once he lands on Tuesday: Sources