
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၀ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် ကျေးရွာ ၃ ရွာတွင် သြဂုတ်လ ၁၉ ရက်နေ့က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၆ လုံးအရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်းသိရှိရသည်။
ဧရာ၀တီမြစ်ရေတိုက်စားမှုကြောင့် မြပြိုကြမှုများဖြစ်လာသေကြောင့် ကမ်းအနီးမှာနေထိုင်တဲ့နေအိမ် ၁၆ လုံးအရေးပေါ်ရွှေ့ပြောင်းခဲ့ရတာလို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
” အိမ်တွေတော့သူတို့ ကိုယ်တိုင်ဖျက်ပြီးရွှေ့တာ၊ ပြိုကျတဲ့နေရာနဲ့အိမ်တွေနဲ့ အကွာအဝေးနီးလာပြီး ကြိုပြီးရွှေ့လိုက်တော့အိမ်ပျက်စီးတာတို့ လူထိခိုက်တာမျိုးတော့မရှိပါဘူး”လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းတဦးက ဧရာ၀တီတိုင်းမ်သို့ ပြောသည်။
ပန်းတနော်မြို့နယ်အတွင်းမှ မြင်းကဒေါင်ကျေးရွာ၊တောကျောင်းကျေးရွာအုပ်စု၊ ကျောင်းတော်လေးကျေးရွာနှင့် နံဂါတ်ရိုးကျေးရွာတို့မှ ဧရာဝတီမြစ်မြစ်ကမ်းနှင့် နီးကပ်နေသည့် နေအိမ်(၁၆)လုံးတို့ ဖျက်သိမ်းပြီး ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရပြီးလက်ရှိမှာ နီးစပ်ရာဆွေမျိုးတွေနေအိမ်နှင့် ဘုန်းကြီးကျောင်း စာသင်ကျောင်းများမှာယာယီနေထိုင်နေကြောင်းသိရှိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့က အင်္ဂပူမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၂ လုံး ရွှေ့ပြောင်းခဲ့ရသေးကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှတိတမ်းများအရ သိရှိရသည်။
#ပန်းတနော်မြို့နယ် #စစ်ကောင်စီတပ် #မြစ်ကမ်းပါးပြိုကျ #နေအိမ်များရွှေ့ပြောင်း #Ayeyarwaddy_Times