
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၀ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါသိုင်းချောင်းမြို့တွင် သြဂုတ်လ ၁၉ ရက်နေ့က လက်နက်များသယ်ဆောင်လာသူ အမျိုးသားနှစ်ဦးကို စစ်ကောင်စီနှင့်ရဲများက ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
ရှေ့ဆောင်ရပ်ကွက်၊ သီရီရတနာတည်းခိုခန်းတွင် လာရောက်တည်းခိုသူ အမျိုးသားနှစ်ဦးထံမှ လက်နက်များတွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရကြောင်းဒေသခံများကပြောသည်။
“ဘယ်လိုသတင်းရလဲမသိ ကွက်တိ၀င်ဖမ်းတာ၊ ရန်ကုန်ဘက်က လက်နက်တွေတင်ပြီးလာပို့တာ။ ထင်တာတော့ စစ်တပ်က ၀ယ်မယ့်သူဟန်ဆောင်ပြီး
ထောင်ဖမ်းတယ်ထင်တာပဲ”ဟု ဒေသသံတစ်ဦးမှဧရာ၀တီတိုင်းမ်သို့ပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ရန်ကုန်မြို့တွင် နေထိုင်သူ ကိုငြိမ်းဇော်ထူးနှင့် ကိုစိုးမင်းအောင်တို့ဖြစ်ပြီး ၎င်းတို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အတွင်းမှ မတပ်ဆင်ရသေးသည့် M-4 သေနတ် ၃ လက်၊ Sig Saure ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်နှင့် ၅.၅၆ ကျည်များနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် ရဲများမှ ကိုငြိမ်းဇော်ထူးနှင့် ကိုစိုးမင်းအောင်တို့ကို ငါးသိုင်းချောင်းမြို့ မြို့မရဲစခန်းမှာဖမ်းဆီးစစ်ဆေးနေပြီး လက်နက်များနှင့်ပတ်သတ်ပြီးရိုက်နှက်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။
#ငါးသိုင်းချောင်းမြို့ #စစ်ကောင်စီတပ် #လက်နက်များဖမ်းဆီး #အမျိုးသားနှစ်ဦး #Ayeyarwaddy_Times