ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့် ရှိနေ၍ မြန်မာနိုင်ငံတဝန်းမိုးရွာသွန်း‌မည်ဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် လာမည့်နှစ်ရက်အတွင်း မိုးရွာသွန်းမှုပိုလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

“ဩဂုတ် ၂၂ နဲ့ ၂၃ ရက်တွေမှာ ရှမ်း၊ မန္တလေး၊စစ်ကိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးကြီး နိုင်ပြီးစစ်ကိုင်းတိုင်း မိုးပိုကြီးနိုင်ပါတယ်” ဟု မိုးလေဝသဘာသာရပ်ကို လေ့လာနေသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းအထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့်ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာသွန်းမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဓာတ်ပုံ – မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

#မိုးလေဝသ #စစ်ကိုင်းနှင့်ကချင်မိုးကြီးနိုင် #Ayeyarwaddy_Times