ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၀ ရက်

စနေ့နေ့က ထိုင်ဝမ်ကျွန်းဝန်းကျင်ရှိ ရေပြင်နဲ့ဝေဟင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တရုတ် နိုင်ငံက ပြောကြားလိုက်ပါတယ်။

ရေတပ်နဲ့လေတပ်ဖွဲ့တွေက ကင်းလှည့်စောင့်ကြပ်မှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တ ရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေပိုင်းစစ်ဌာနချုပ်က ကြေညာပါတယ်။

စစ်ရေးလေ့ကျင့်မှုက ထိုင်ဝမ်ရဲ့ မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းရှိ လေပိုင်နက်နဲ့ ရေပိုင်နက်တွေကို သိမ်းပိုက်မယ့် တပ်ဖွဲ့တွေရဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်တာလို့ တရုတ်စစ်တပ်က ပြောပါတယ်။

စစ်သင်္ဘောတွေ မောင်းနှင်နေပြီး တိုက်လေယာဉ်တွေ ပျံတက်နေတဲ့ စစ်ရေးလေ့ကျင့်မှု ရုပ်သံဖိုင်ကို တ ရုတ်စစ်တပ်က ထုတ်ပြန်ခဲ့ပေမယ့် ဘယ်နေရာမှာ၊ ဘယ်အချိန်မှာ ရိုက်ခဲ့တယ်ဆိုတာတော့ မပြောပါဘူး။

ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ တရုတ်စစ်လေယာဉ် ၄၂ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ပြီး ၂၆ စင်းက ထိုင်ဝမ် ရေလက်ကြား ကြားခံလိုင်းကို ဖြတ်ကျော်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုမှာ တရုတ်စစ်သင်္ဘော ၈ စင်း ပါဝင်နေတာကိုလည်း ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေကို စေလွှတ်ကာ အခြေအနေကိုစောင့်ကြည့်ဖို့ မြေပြင်အခြေပြု ဒုံး ကျည်စနစ်တွေကို တပ်လှုန့်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ထိုင်ဝမ် ဒုတိယသမ္မတ လိုင်ချင်တေးဟာ မကြာသေးမီက ပါရာဂွေးနိုင်ငံမှအပြန် အမေရိကန်နိုင်ငံမှာ ခရီး တစ်ထောက် ဝင်ရောက်ပြီးနောက် တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာပါ။

စစ်ရေးလေ့ကျင့်မှုတွေဟာ ပြည်ပအင်အားစုတွေနဲ့အတူ လိမ်လည်လှည့်ဖျားဖို့ကြံစည်နေတဲ့ ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေအတွက် ပြင်းထန်သော သတိပေးချက်တစ်ခုလို့ တရုတ်စစ်တပ်က ပြောပါ တယ်။

ကိုးကား – NHK
Ref; China stages military patrols, drills around Taiwan

#Ayeyarwaddy_Times