ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၀ ရက်

ဗုဒ္ဓဘာသာကို ထိခိုက်စေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခု ရေးသား၊ ထုတ်လွှင့်မှုကြောင့် မြန်မာအာဏာပိုင် တွေက ဆွစ်ဇာလန်နိုင်ငံသားတစ်ဉီးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက သောကြာနေ့မှာ ပြောကြားခဲ့ပါ တယ်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ အကျင့်သိက္ခာနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ ရုပ်ရှင်ဇာတ်ကား ရိုက် ကူးမှုကြောင့် အသက် ၅၂ နှစ်အရွယ် ဒီဒီယာနူဘော်မာကို သြဂုတ်လ ၈ ရက်က ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အကြမ်းဖျင်းအားဖြင့် ၇၅ မိနစ်ကြာတဲ့ “Don’t Expect Anything” လို့ အမည်ပေးထားတဲ့ အဲဒီရုပ်ရှင် ဇာတ်ကားကို ဇူလိုင်လအတွင်း ဗုဒ္ဓဘာသာဝင်တစ်ဉီးရဲ့ YouTube နဲ့ TikTok အကောင့်တွေမှာ တင်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရုပ်ရှင်ဇာတ်ကားထဲမှာ အမျိုးသမီးငယ်တစ်ဉီးက ဗုဒ္ဓဘာသာဝင်တွေရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာအစဉ်အလာ ကို ဆန့်ကျင်တဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေ ပြောဆိုထားတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ အကျင့်သိက္ခာနဲ့ ဂုဏ်သိက္ခာကို နှိမ့်ချတဲ့ အပြုအမူတွေကြောင့် ရုပ်ရှင် ဇာတ်ကားထဲမှာပါတဲ့ အခြားသူ ၁၃ ဉီးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“ဖမ်းဆီးထားသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်” လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ချက်အတွင်း ပြောပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးဟာ အရေးပါတဲ့ နေ့စဉ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကလည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားတော်ကို ညအချိန်မတော် ဖွင့်လှစ်နေတဲ့ အသံချဲ့စက် ကို ပလပ်ခေါင်းဖြုတ်ခဲ့တဲ့ ဒတ်ချ်ကမ္ဘာလှည့်ခရီးသွားတစ်ဉီးကို တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ လ ချ မှတ်ခဲ့ပါတယ်။
ကိုးကား – AFP

Ref; Myanmar junta arrests Swiss national over film ‘harming’ Buddhism

#Ayeyarwaddy_Times