ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၀ ရက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း လန်ဒန်မြို့တော်ရှိ သံတမန်နေအိမ်ကနေ ထွက်ခွာဖို့ငြင်းဆန်ခဲ့အတွက် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဉီးကျော်စွာမင်းကို ဗြိတိန်ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးနေတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်အပြီး ဉီးကျော်စွာမင်းကို လအနည်းငယ်အကြာ သံရုံးမှာ တာဝန်ထမ်းဆောင်စေခဲ့ ပေမယ့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ အစားထိုးခဲ့ပါတယ်။

ထိုအချိန်က ဗြိတိန်အစိုးရက ချီးကျူးခဲ့တဲ့ အာဏာသိမ်းမှုဖြစ်စဉ်ကို ကန့်ကွက်မှုပြီးလုပ်ပြီးနောက်ပိုင်း ဉီးကျော်စွာမင်းဟာ သံဆူးကြိုးတွေ၊ CCTV တွေတပ်ဆင်ထားတဲ့ လန်ဒန်အနောက်မြောက်ပိုင်းရှိ နေအိမ်မှာ နေ ထိုင်ခဲ့ပါတယ်။

တရားမဝင်အစိုးရတစ်ရပ်ရဲ့ ကိုယ်စားလှယ်တွေ တာဝန်ယူနေတဲ့ သံရုံးသို့ နေအိမ်ကို ပြန်လွှဲပြောင်းပေးဖို့ ဉီးကျော်စွာမင်းက ငြင်းဆန်ခဲ့ပါတယ်။ ဗြိတိန်အစိုးရက စစ်ကောင်စီရဲ့ ဖိအားတွေကြောင့်ဆိုကာ ပြီးခဲ့တဲ့နှစ်အ တွင်း ဉီးကျော်စွာမင်းကို ထိုနေအိမ်ကနေထွက်ခွာဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ ရဲတပ်ဖွဲ့က ဉီးကျော်စွာမင်းကို သံတမန်နေအိမ်ကို မတရားအခွင့်အရေးယူ တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် မေးမြန်းမှုပြုလုပ်ခဲ့တယ်လို့ သူ့ရဲ့ လန်ဒန်အခြေစိုက်ရှေ့နေ နေးလ်ဆွစ်က ပြောပါ တယ်။ ပြစ်မှုထင်ရှားရင် ထောင်ဒဏ်ခုနှစ်လ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး ကျခံရနိုင်ပါတယ်။

“သံအမတ်ကြီးနေအိမ်ဟာ မြန်မာနိုင်ငံပိုင်အဖြစ် ရှိနေဆဲဖြစ်ပြီး သူ့အနေနဲ့ နေအိမ်သော့တွေကို ဒီမိုက ရေစီနည်းကျ ရွေးကောက်ခံအစိုးရ ကိုယ်စားလှယ်တစ်ဉီးထံ လွှဲပြောင်းပေးဖို့ ကျွန်တော့်အမှုသည်က အမြဲ အလိုရှိ ခဲ့တာပါ” လို့ ရှေ့နေ နေးလ်ဆွစ်က ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်မှာ ရဲတပ်ဖွဲ့က ဉီးကျော်စွာမင်းကို မေးမြန်းမှုတွေပြုလုပ်ခဲ့ပေမယ့် စွဲချက်တင်တာတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ ဉီးကျော်စွာမင်းကို စွဲချက်တင်ဖို့ လုံလောက်တဲ့ အထောက်အထားရှိ မရှိကို ဗြိတိန်ရှေ့နေချုပ်က ဆုံးဖြတ်မယ်လို့ ရှေ့နေ နေးလ်ဆွစ်က ပြောပါတယ်။

အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပြီး မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြု လုပ်ခဲ့တဲ့ ဗြိတိန်အာဏာပိုင်တွေရဲ့လုပ်ရပ်ကို Myanmar Accountability Project မှ ခရစ်ဂင်းနစ်က ဝေဖန်လိုက် ပါတယ်။

ဗြိတိန်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ တောင်းဆိုခဲ့ပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်း အချို့ကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ခဲ့တဲ့ အနောက်နိုင်ငံတစ်ခုဖြစ်ပါတယ်။

ဗြိတိန်အပါအဝင် ဒီမိုကရေစီနိုင်ငံအများစုက အမျိုးသားညီညွတ်ရေးအစိုးရကိုရော အာဏာသိမ်းစစ် ကောင်စီကိုပါ တရားဝင် အသိအမှတ်မပြုပေ။

ကိုးကား – Reuters
Ref; British police investigate exiled former Myanmar envoy for trespass

#Ayeyarwaddy_Times