
ဧရာဝတီတိုင်းမ်
ပုဏ္ဏားကျွန်း၊ ဩဂုတ် ၁၉ ရက်
ပြီးခဲ့တဲ့မေလ ၁၄ ရက်နေ့က တိုက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ပျက်ဆီးသွားခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စာသင်ကျောင်းတွေဟာ သုံးလကျော်ကြာထိ မပြု ပြင်သေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျောင်းတွေကို မပြုပြင်သေးသလိုကျောင်း ဆောင်တွေပြန်ဆောက်ဖို့အတွက် ထောက်ပံ့ပစ္စည်းတွေလည်းမရကြဘူးလို့ ဆိုကြပါတယ်။
“ခုဆိုသုံးလကျော်သွားပြီ။ဒါပေမယ့် ပြုပြင်ပေးလာမှုမရှိသေးပါ။အဲဒီကျောင်းကိုပြုပြင်ဖို့အတွက် ထော က်ပံ့ပစ္စည်းတွေလည်း မရသေးဘူး။ကျွန်မတို့ရွာမကကျောင်းသားတွေ ဆွမ်းစားဆောင်အဟောင်းမှာ သင်နေကြရတယ်။”လို့ ကံဦးကျေးရွာမှ ကျောင်း သားမိဘတစ်ဦးက ပြောပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်၊တောဖျားချောင်းဒေသရှိ ကြက်ချေ၊ပါးပွေ့ ၊အထက်သင်းပုန်းတန်း၊ကံဦး၊ကြိမ်ချောင်းရွာသစ်နဲ့မှိုဟင်းတောကျေးရွာစာသင် ကျောင်းတွေဟာ မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီစာသင်ကျောင်းတွေကိုမပြုပြင်သေးတာမို့ ကျောင်းသား၊ကျောင်းသားတွေဟာ ဘုန်းကြီး ကျောင်းအောက်မြေပြင်၊ဆွမ်းစားဆောင်တွေနဲ့တ ခြားနေရာတွေမှာ ဖြစ်သလိုသင်နေကြရတယ်လို့
ဆိုကြပါတယ်။
“ထောက်ပံ့မှုမရရှိတဲ့အတွက်ကြောင့်စာသင်ကျောင်းရဲ့ခေါင်မိုးတွေကို ကျနော်တို့ကျောင်းဆရာ၊ဆရာမတွေက ငွေစုပြီး တာလာပေါ်တွေနဲ့ မိုးပေးထားတ ယ်။ဒါပေမယ့် ကျောင်းရဲ့မျက်နှာကြပ်ကတွဲပြီးပြိုဆင်းနေတာဆိုတော့ စာသင်ကျောင်းထဲကို ကလေးတွေကိုခေါ်ပြီး စာသင်မပေးရဲဘူး။အပေါ်က ပြုတ်ကျလာလို့ တခုခုဖြစ်သွားရင် မကောင်းဘူး။ဒါကြောင့် ရွာကဘုန်းကြီး ကျောင်းအောက်မှာ သင် ပေးနေရတယ်။”လို့ ပုဏ္ဏားကျွန်းမြို့နယ်၊အထက်သ င်းပုန်းတန်းကျေးရွာမှကျောင်းဆရာတစ်ဦးက ပြောပါတယ်။
အဲဒီအထက်သင်ပုန်းတန်းကျေးရွာမှာ ကျောင်းသူ၊ကျောင်းသားပေါင်းခြောက်ဆယ်ခန့်ရှိပြီးပါပွေကျေးရွာမှာသုံးဆယ်ကျော်၊ကြက်ချေကျေးရွာမှာ ငါးဆယ်ကျော်ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင်ပုဏ္ဏားကျွန်းမြို့နယ်၊စမ်းပတီးချောင်းဒေ သမှာရှိ ကံဦးကျေးရွာစာသင်ကျောင်းနဲ့ကြိမ်ချောင်းရွာသစ် (ခမီ)ကျေးရွာစာသင်ကျောင်းတွေလ ည်း မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားခဲ့တာကို မပြုပြင်နိုင်သေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
“ရွာမှာစာသင်ကျောင်းနှစ်ကျောင်းရှိတ ယ်။နည်းနည်းကြီးတဲ့စာသင်ကျောင်းက ခေါင်မိုးနဲ့ဘုံဘိတ်တွေ လုံးဝပျက်သွားတယ်။သုံးလကျော်ထိ ပြုပြင်ဖို့အသံမကြားရသေးဘူး။လက်ရှိမှာမပျက်ဘဲကျန်ခဲ့တဲ့ စာသင်ကျောင်းမှာ နှစ်ကျောင်းလုံးက ကလေးတွေကြပ်ညှပ်စသင်နေကြရတယ်။”လို့ ကြိမ်းချောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊မှိုဟင်းတောကျေး ရွာမှာလည်း စာသင်ကျောင်းနှစ်ကျောင်းရှိပေမယ့် တစ်ကျောင်းမှာ ပြိုပျက်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒါကြောင့်နှစ်ကျောင်းစလုံးက ကျောင်းသူ၊ကျော င်းသားတွေကို တစ်ကျောင်းတည်းမှာစုပေါင်းသင်နေကြရတယ်လို့ ကျောင်းသားမမဘတွေက ဆိုကြပါတယ်။
ရခိုင်မှာ မိုခါမုန်တိုင်းကြောင့် စာသင် ကျောင်းပေါင်း ၁၅၃၈ ကျောင်းပျက်စီးသွားခဲ့ပြီးစာသင်ကျောင်းအ များစုကိုမပြုပြင်နိုင်သေးပေမယ့် ဆောက်လုပ်ရေးကုမ္ပဏီတွေကိုဆောက်လုပ်ဖို့အပ်ထားတယ်လို့ ပြည် နယ်ပညာရေးမှူးရုံက ဆိုပါတယ်။
(ဓာတ်ပုံ-ပုဏ္ဏားကျွန်းမြို့နယ်၊မှိုဟင်းတောရွာစာသ င်ကျောင်းကို သြဂုတ်လ ၁၇ ရက်နေ့ကတွေ့ရပုံ/BNA)
(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)