ဧရာ၀တီတိုင်းမ်
သြဂုတ်လ ၂၀ ရက်

ဥသျှစ်ပင် ၊ ပြည် နှင့်အောင်လံ ကားလမ်းပေါ်ရှိစစ်ကောင်စီဂိတ်များသည် ဝတ်စားဆင်ယင်မှုကိုကြည့်ကာ ခရီးသွားပြည်သူများကို ရှာဖွေစစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေကြောင်းသတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီဂိတ်များသည် ခရီးသွားများ၏ ၀တ်စားဆင်ယင်ပုံကိုကြည့်ရှု့ကာ စစ်ဆေးသည့်အပြင် လက်ဖွဲ့ လည်ဆွဲကြိုးများ ၀တ်ဆင်သူများကိုလည်း ပိုမိုတင်းကျပ်စွာစစ်ဆေးကြောင်း ဒေသခံများကပြောသည်။

“အရင်ထက်စစ်ဆေးမှုကတော့ပိုကြမ်းလာတယ်၊ လူပုံတွေကိုကြည့်တယ်၊ ဆံပင်ပုံတွေကိုကြည့်တယ်။ ကားတွေလည်းအရမ်းစစ်တယ်။ လည်ပင်းမှာဆိုလည်း လက်ဖွဲ့လည်ဆွဲကြိုး ကျွန်းနက်လယ်ဆွဲတို့လည်း၀တ်လို့မရဘူး။ ဒာဲ့တာတွေက အများစုက PDF တွေပဲ အဆောင်ဝတ်ကြတယ်ဆိုပြီး သူတို့ပြောတယ်” ဟု အောင်လံ စစ်ကောင်စီ စစ်ဆေး​ရေးဂိတ်တွင်စစ်ဆေးခံရသူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဥသျှစ်ပင် ၊ ပြည်၊ အောင်လံ လမ်းပေါ်ရှိ စစ်ကောင်စီဂိတ်များသည် ယခင်က မြို့အ၀င်တွင် စစ်ဆးမှုများပြုလုပ်သော်လည်း ယခုအခါ မြို့အထွက်များပါ ပိုမိုတင်းကျပ်စွာ စစ်ဆေးလာခြင်းဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

ထို့ပြင် အဆိုပါ စစ်ကောင်စီဂိတ်များသည် ယခင်ထက်ပို၍ စစ်ကောင်စီ တပ်အင်အား ပိုမိုတိုချဲ့ ချထားကြောင်း ဒေသခံများ ကပြောသည်။

#ပြည်အောင်လံဥသျှစ်ပင် #စစ်ကောင်စီဂိတ်များ #ခရီးသွားပြည်သူများ #၀တ်စားဆင်ယင်ပုံ
#တင်းတင်းကျပ်ကျပ် #ရှာဖွေစစ်ဆေး #Ayeyarwaddy_Times