
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်
မလေးရှားနိုင်ငံအလယ်ပိုင်း ဆီလင်ဂေါပြည်နယ်ရှိ လမ်းမတစ်ခုပေါ် မနေ့က အပေါ့စားလေယာဉ်ငယ် တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါသူရှစ်ဉီးနဲ့ မြေပြင်ရှိ နှစ်ဉီး စုစုပေါင်း ၁၀ ဉီး သေဆုံးခဲ့ပါတယ်။
“လေယာဉ်ပျက်ကျမှုမှာ လူ ၁၀ ဉီးထက်မနည်း သေဆုံးပါတယ်။ ကားတစ်စင်းထဲကတစ်ဉီး၊ ဆိုင်ကယ် ပေါ်ကတစ်ဉီးနဲ့ လေယာဉ်ပေါ်ပါသူရှစ်ဉီး စုစုပေါင်း ဆယ်ဉီး သေဆုံးခဲ့ပါတယ်” လို့ ဒေသန္တရ ရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမက်အက်ဘယ်အီဘရာဟင်က ပြောပါတယ်။
ရှားအလမ်းမြို့အနီး အယ်လ်မီနာမြို့မှာ Beechcraft 390 အမျိုးအစား လေယာဉ်ငယ်ဟာ မြေပြင်ကို တိုက်မိပြီး မီးလောင်ကျွမ်းသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
လေယာဉ်ပျက်ကျရာနေရာမှ မီးတောက်တွေနဲ့ မီးခိုးငွေ့တွေ ထွက်ပေါ်လာတာကို အခုအခါ X အဖြစ် ပြောင်းလဲလိုက်တဲ့ တွစ်တာလူမှုကွန်ရက်ပေါ်က ရုပ်သံဖိုင်တစ်ခုမှာ မြင်တွေ့ရပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူတွေထဲမှာ ပါဟန်းပြည်နယ် လွှတ်တော်အမတ် အိမ်ယာနဲ့ ပတ် ဝန်းကျင်ဆိုင်ရာဌာန အကြီးအကဲ ဂျိုဟာရီဟာရွန်လည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လေယာဉ်ငယ်ပျက်ကျချိန်မှာ လေယာဉ်ပေါ်မှာ ခရီးသည်ခြောက်ဉီးနဲ့ အမှုထမ်းနှစ်ဉီးရှိနေတယ်လို့ မ လေးရှား လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။
အဆိုပါလေယာဉ်ငယ်ဟာ မလေးရှားနိုင်ငံမြောက်ပိုင်း အပန်းဖြေစခန်း လန်ကာဝီကျွန်းကနေ ကွာလာ လမ်ပူမြို့တော်ရဲ့အနောက်ဘက် ဆူလ်တန်အဗ္ဗဒူလ်အဇက်ရှားလေဆိပ်သို့ မောင်းနှင်နေချိန်မှာ ပျက်ကျခဲ့တာလို့ လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အကြီးအကဲ နိုရတ်ဇ်မန်းမာမွတ်က ပြောပါတယ်။
လေကြောင်းဖြစ်စဉ်များ စုံစမ်းစစ်ဆေးရေးဗျူရိုက အဆိုပါ ခရီးသည်တင်လေယာဉ်ငယ် ပျက်ကျရတဲ့ ကြောင်းရင်းကို စုံစမ်းစစ်ဆေးမယ်လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – The Guardian
Ref; Ten killed as light plane crashes on street in Malaysia