ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၉ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် သြဂုတ်လအတွင်း ခိုးမှုနှင့်လုယက်မှုများ ပိုမိုဖြစ်ပွားလာကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ရဲများ မြို့အတွင်း လုံခြုံရေးတင်းကြပ်ပြီးနောက်ပိုင်း ခိုးမှုနှင့် လုယက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများမှ ပြောသည်။

” ခုက နေ့တိုင်းလိုလိုဖြစ်နေတာ၊ ခိုးမှုဖြစ်လည်း ရဲမတိုင်ရဲ လုယက်ခံရလည်း ရဲမတိုင်ရဲဖြစ်နေတာ။ လူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲဖြေရှင်းနေတာ များတယ်”ဟု မြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ခိုးမှု လုယက်မှုခံရသူများ ရဲစခန်းသို့သွားတိုင်ကြားသည့်အခါ ပျောက်ဆုံးသည့် ပစ္စည်းတန်ဖိုးအတိုင်း ရဲကို ငွေပေးနေရသည့်အတွက် နောက်ပိုင်း အမှုမဖွင့်တော့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

မအူပင်မြို့တွင် ဩဂုတ်လ ဒုတိယပတ်အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးနေအိမ်ရှိသည့်လမ်းတွင် ကုန်စုံဆိုင် ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

#မအူပင်မြို့ #စစ်ကောင်စီတပ် #ခိုးမှု #လုယက်မှု #Ayeyarwaddy_Times