ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၈ ရက်

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးများအား တစ်ရွာလျှင် ပြည့်သူ့စစ် လူ ၅ ဦးစာရင်းပေးဖို့ သြဂုတ်လအတွင်းမှာ ညွန်ကြားထားကြောင်း သိရှိရသည်။

“ရွာအုပ်ချုပ်ရေးမှူးက PDF တွေ၀င်လာရင် ရွာကိုကာကွယ်ဖို့လို့ပြောတာပဲ၊ မြို့တွေမှာစစ်တပ်တွေထားတာဘာလုပ်ဖို့လဲ။ စစ်သားအရေအတွက်နည်းလာလို့ပြည်သူတွေဘက်လှည့်လာတာ”ဟု ကျေးရွာ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိကျေးရွာများတွင် စစ်ကောင်စီက ဖွဲ့စည်းခိုင်းထားတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊အရန်မိီးသတ်၊ ပြည်သူ့စစ်အပြင် ယခုရွာလုံခြုံရေးဟု ဆိုကာထပ်မံဖွဲ့စည်းခိုင်းသည့်အတွက် အချို့ကျေးရွာအတွင်းမှာ မဲနိူက်ရွေးခြယ်ကာဖွဲ့စည်းလိုက်ရကြောင်းသိရှိရသည်။

“ဘယ်သူ့မှမလုပ်ခြင်ဘူး၊ စာရင်းထဲမှာပဲအမည်ရှိတာ မြို့က လူကြီးလာမှ ၀တ်စုံ၀တ်ပြရတာများပါတယ်။ တကယ် စစ်တာဆေးတာ စစ်တပ်အကြိုက်လိုက်လုပ်ပေးနေတာ ရွာမှာဆယ်ယောက်မပြည့်ဘူး “ဟု ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့များအင်အားနည်းလာသောကြောင့် ရဲသတင်းပေးများကို ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းခဲ့ပြီး ကင်းလှည့်ခိုင်းခြင်း၊ ဧည့်စာရင်းစစ်ရာတွင် ပါ၀င်ခိုင်းခြင်းများပြုလုပ်နေပြီး လက်ရှိ ကျေးရွာအုပ်စုများကို ရွာလုံခြုံရေးအမည်ခံ အနေနဲ့ထပ်မံဖွဲ့စည်းရန်ပြင်ဆင်နေတာဖြစ်နိုင်ကြောင်းဒေသခံများကသုံးသပ်ကြသည်။

#ကန်ကြီးထောင့်မြို့ #စစ်ကောင်စီတပ် #ပြည်သူ့စစ် #အုပ်ချုပ်ရေးမှူး #Ayeyarwaddy_Times