
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၈ ရက်
ယခုရက်ပိုင်းအတွင်းနိုင်ငံခြားငွေလဲလှယ်နှုန်းထားများဆက်တိုက်မြင့်နေကာ ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၃၉၀၀ နှင့် အခေါက်ရွှေဈေး တစ်ကျပ်သား လျှင် ၃၉ သိန်းကျော်ဖြင့် ညနေဈေးပိတ်သွားကြောင်း သတင်းရရှိသည်။
အမေရိကန်တစ်ဒေါ်လာလျှင် ၃၈၂၀ မှ ၃၈၈၀ ကြားအရောင်းအဝယ်ဖြစ်နေပြီး ကျပ် ၄၀၀၀ နားရောက်ရှိလာကာ မြန်မာကျပ်ငွေတန်ဖိုးပိုမိုကျဆင်းလာကြောင်း သိရသည်။
အလားတူပင် ရွှေစျေးမှာလည်း နေ့စဉ်တက်နေပြီး အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် အရောင်းဈေး ကျပ် ၃,၉၃၅,၀၀၀ သိန်း နှင့် အဝယ်ဈေး ကျပ် ၃,၉၃၀,၀၀၀ သိန်းရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားဘဏ်လုပ်ငန်းဆောင်ရွက်သော MFTB နှင့် MICB တို့ကို အမေရိကန်အစိုးက စီးပွားရေးပိတ်ဆို့အရေးယူမှုများလုပ်ပြီးနောက်ပိုင်း ကန်ဒေါ်လာဈေးများဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဒေါ်လာဈေးတက် #ရွှေဈေးတက်
#Ayeyarwaddy_Times