ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်

ဂျာမနီနိုင်ငံက အစ္စရေးထံမှ ခေတ်မီ ဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်တဲ့ Arrow 3 ဝယ်ယူခွင့်ရှိမယ့် သ ဘောတူညီချက်တစ်ရပ်ကို နှစ်နိုင်ငံစလုံးက လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ရာ ဧပြီလကတည်းကပြုလုပ်ခဲ့တဲ့ စေ့ စပ်ညှိနှိုင်းမှုတွေ ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဂျာမနီနိုင်ငံသို့ အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ ပူးတွဲထုတ်လုပ်တဲ့ အဆိုပါ ခေတ်မီဒုံးခွင်းစနစ် ရောင်းချဖို့ အမေရိကန်နိုင်ငံက အတည်ပြုပြီးနောက် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံတန်ကြေးရှိ သဘောတူညီချက်ကို လက် မှတ်ရေးထိုးခဲ့တာလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“ဂျာမနီနိုင်ငံထံ ခေတ်မီဒုံးခွင်းစနစ် ရောင်းချဖို့ အမေရိကန်နိုင်ငံရဲ့ အတည်ပြုမှုက အစ္စရေးနဲ့ အမေရိကန် ကြား မဟာဗျူဟာမြောက် ဆက်ဆံရေးမှာ အလွန်အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်” လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ယခုသဘောတူညီချက်က အစ္စရေးနိုင်ငံနဲ့ ရုရှားနိုင်ငံထံကနေ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေခံနေရတဲ့ ဂျာမနီနိုင်ငံကြား အကြီးမားဆုံးသော ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ဖြစ်ပါတယ်။

ဉရောပတိုက်တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်ခု ထူထောင်ဖို့ ဂျာမနီနိုင် ငံက ဉရောပ ၁၅ နိုင်ငံနဲ့ စီစဉ်နေပြီး ပြီးခဲ့တဲ့နှစ်အတွင်း European Sky Shield အစီအစဉ်ကို စတင်ခဲ့ပါတယ်။

Arrow 3 ဒုံးခွင်းစနစ်ကို အခြား ဉရောပတိုင်းပြည်တွေအတွက် တာဝေးပဲ့ထိန်းဒုံးကျည်တစ်ခုအဖြစ် ရွှေ့ ပြောင်းနိုင်တယ်လို့ အစ္စရေး ဒုံးကျည်ကာကွယ်ရေးအစီအစဉ်မှ ညွှန်ကြားရေးမှူးဟောင်း အူဇီရူဘင်က ပြောပါ တယ်။

Arrow 3 ဒုံးကျည်ကာကွယ်ရေးစနစ်က ဘယ်လိုဒုံးကျည်ခြိမ်းခြောက်မှုမျိုးအတွက်မဆို အကောင်းဆုံး ဒုံးခွင်းစနစ်ဖြစ်ပေမယ့် ခရုဇ်ဒုံးကျည်တွေ သို့မဟုတ် အနိမ့်ပျံနေတဲ့ အခြားဒုံးကျည်တွေကိုတော့ မကာကွယ်နိုင် ဘူးလို့ သူက ဆိုပါတယ်။

ကိုးကား – Euronews
Ref; Germany signs €3.5 billion deal to buy weapons from Israel

#Ayeyarwaddy_Times