ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၊ ဒေသတွင်းနဲ့ အင်ဒိုနီးရှားနိုင်ငံအတွက် တာရှည်ခံသော အမွေအနှစ်တစ်ခု ချန်ထားနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ကျန်နေတဲ့အချိန်ကို အသုံးချရ မယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က တိုက်တွန်းလိုက်ပါတယ်။

အင်ဒီုနီးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ကာလအတွင်း လူ့အခွင့်အရေး၊ လူ သားဆန်မှုနဲ့ တန်းတူညီမျှမှုတွေကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ယုံကြည် မှုကို ပိုမိုရရှိခဲ့တယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက လွှတ်တော်မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယကို ဂုဏ်ပြပေမယ့် အာဆီယံ အလှည့် ကျ ဥက္ကဋ္ဌအဖြစ် လူ့အခွင့်အရေး၊ လူသားဆန်မှုနဲ့ တန်းတူညီမျှမှုတွေ ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီး အောင်မြင်မှုမရခဲ့ဖူးလို့ APHR အဖွဲ့ဝင် မလေးရှားလွှတ်တော်အမတ် ဝေါင်ချန်းက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဌအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ပျော့ပျောင်းသော သံတမန်နည်း လမ်းကို ချမှတ်ခဲ့ပြီး စစ်ကောင်စီ၊ NUG၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အကြိမ် ၆၀ ကျော် ထိတွေ့ဆက်ဆံခဲ့ တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက မေလအတွင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီတွေ့ဆုံမှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိသလို မြန်မာစစ်ကောင်စီက မြန်မာပြည်သူတွေ အပေါ် ကျုးလွန်နေတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဟန့်တားနိုင်ခြင်းမရှိဘူးလို့ APHR က ဆိုပါ တယ်။

မြန်မာနိုင်ငံအပေါ် ခပြတ်သားတဲ့ အရေးယူမှုတွေ မလုပ်နိုင်တာကြောင့် စစ်ကောင်စီရဲ့ မိတ်ဖက်နိုင်ငံ တွေက မြန်မာ့အရေးမှာ အာဆီယံရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ဆောင်ခဲ့ပြီး မကြာသေးခင်က ထိုင်းနိုင်ငံ က သူ့သဘောနဲ့သူ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတွေ ကမကထပြုလုပ်ခဲ့တယ်လို့ APHR က ထောက်ပြပါတယ်။

အရင်ဆုံးအနေနဲ့ မြန်မာစစ်တပ်နဲ့သာ ထိတွေ့ဆက်ဆံတာကို လက်သင့်မခံဘဲ မြန်မာ့အရေး ဖြေရှင်းရာ မှာ အာဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍကို ထိခိုက်စေတယ်ဆိုတာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ဖော်ပြရမယ်လို့ အင်ဒို နီးရှားနိုင်ငံက ရှင်းလင်းစွာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒုတိယအနေနဲ့ စစ်ကောင်စီ လိုက်နာရမယ့် ဘုံသဘောတူညီချက် ၅ ရပ်ကို အသေးစိတ် ပြန်လည်သုံးသပ် မှုကို အင်ဒိုနီးရှားနိုင်ငံက စတင်ရမယ်လို့ APHR က ပြောပါတယ်။

မြန်မာ့အရေး အဖြေရှာရာမှာ NUG၊ CRPH၊ NUCC အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အရပ် ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ အပါအဝင် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအ ရေး လုပ်ဆောင် နေတဲ့ပုဂ္ဂိုလ်တွေနဲ့ အင်ဒိုနီးရှားနိုင်ငံက တရားဝင် ထိတွေ့ဆက်ဆံဖို့ APHR က တောင်းဆိုလိုက် ပါတယ်။

နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီ အရေးတကြီး လိုအပ်နေတယ်ဆိုတဲ့ ထိုင်း-မြန်မာနယ် စပ်တစ်လျောက် လုပ်ဆောင်နေတဲ့ ဒေသန္တရအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံတာကို အင်ဒိုနီးရှားနိုင်ငံက အား ပေးရမယ်လို့ APHR က ပြောပါတယ်။

အကူအညီတွေပေးပို့ဖို့ ညှိနှိုင်းဆောင်ရွက်ရာမှာ မြန်မာစစ်ကောင်စီဟာ ယုံကြည်ရတဲ့မိတ်ဖက်မဟုတ်ဘဲ လူသားချင်းစာနာမှု အကူအညီတွေကို လက်နက်အားကိုးသိမ်းယူခဲ့တယ်လို့ APHR က ဆိုပါတယ်။
ကိုးကား – APHR

Ref; Indonesia must use the last months of its ASEAN chairmanship to cement a lasting positive legacy for Myanmar, Southeast Asian MPs say

#Ayeyarwaddy_Times