
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၈ ရက်
စစ်ရေးပြင်းထန်နေသည့် နယ်မြေများတွင် Non-CDM များကို ပြည်သူ့စစ်အဖြစ် တာ၀န် ထမ်းဆောင်နိုင်ရေးအတွက် အသင့်အနေအထား ပြင်ဆင်ထားရန် စီမံချက်ဖြင့်ညွှန်ကြားထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
လက်ရှိတွင် စစ်ရေးပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကောင်စီဝန်ထမ်းများကို လက်နက်များ ထုတ်ပေးထားသလို အချို့ဝန်ထမ်းများကလည်း လက်နက်များဝယ်ယူကိုင်ဆောင်ထားကြသည်ဟု ဝန်ထမ်းအသိုင်းအဝိုင်းထံက သိရသည်။
ထို့အပြင် ပျူစောထီးများ(ပြည်သူ့စစ်) ကိုသင်တန်းပေး၍ လက်နက်တပ်ဆင်ပေးမှုများပြုလုပ်ကာ တော်လှန်ရေးအင်အားစုများကို ဖြိုခွဲနိုင်ရေး စစ်ကောင်စီက ကြိုးစားလုပ်ကိုင်နေသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း ရှမ်းပြည်နယ် တောင်ပိုင်း အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်နယ်မြေအတွင်း ပြည်သူ့ စစ်မဟာဗျူဟာဖော်ဆောင်ရန်အတွက် ဌာနဆိုင်ရာ စာရင်းပြုစုပြီး ပေးပို့ရန်ဟု ရှမ်းပြည်နယ် နယ်လုံ၀န် ကြီး ဗိုလ်မှူးကြီး စိန်၀င်းလက်မှတ်ဖြင့် ဩဂုတ်လ ၉ ရက်နေ့က ညွှန်ကြားခဲ့သည်။
“ပြည်သူ့စစ်ဖွဲ့ရမယ်ဆိုပြီး ညွှန်ကြားလာတာပေါ့။ သေနတ်ပစ်သင်တာတွေ၊ ကင်းစောင့်တာတွေ စစ်သင် တန်းပုံစံမျိုးတွေ ခုအဖွဲ့လိုက်တွေ လုပ်နေရပြီ။ ဌာနဆိုင်ရာတွေအကုန်လုံးပဲ”ဟု ရှမ်းပြည်နယ်ရှိ အစိုးရ ၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါနယ်မြေအတွင်း ပြည်သူ့စစ်မဟာဗျူဟာ ဖော် ဆောင်ရန်အတွက် စစ်တပ်၏အရန်အင်အားတွင် ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းပြီး တပ်ရင်းအသွင်ဖွဲ့စည်းရန်နှင့် စစ်တပ်၏ အင်အားပေါ်မူတည်ပြီး တာ၀န်ခွဲပေးခြင်းနှင့် အရေးကြုံပါက အရန်အင်အားများဖြင့် ဖွဲ့စည်းတာ၀န်ပေးအပ်မည် စီမံချက်များ တင်ပြရမည် ဟု ဌာနဆိုင်ရာများကို ညွှန်ကြားထားခြင်းဖြစ် ကြောင်း သိရသည်။
Non CDM များအနေဖြင့် မိသားစု၀င်များနှင့် ၎င်းတို့ကိုယ်တိုင်အတွက် လုံခြုံရေးအတွက် စိတ်မချရခြင်းနှင့် စား၀တ်နေရေး အခက်အခဲများရှိခြင်းတို့ကြောင့် လုပ်ငန်းခွင် မှ အနားယူနိုင်ခြင်းမရှိသေးကြောင်း ၎င်းကပြောသည်။
#ရှမ်းပြည်နယ် #Non-CDM #ပြည်သူ့စစ် #အရန်အင် အား #ဖွဲ့စည်းရန် #ညွှန်ကြားစာထုတ်
#Ayeyarwaddy_Times