ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်
ယခင်လှူဒါန်းခဲ့ပြီး လက်နက်စနစ်တွေအတွက် ဒေါ်လာ သန်း ၃၀၀ ကျော်တန်ကြေးရှိ ခဲယမ်းမီး ကျောက်နဲ့ အပိုအစိတ်အပိုင်းတွေ ယူကရိန်းသို့ ထောက်ပံ့မယ်လို့ ဆွီဒင်နိုင်ငံက ပြောကြားလိုက်ပါတယ်။
ယူကရိန်းသို့ ၁၃ ကြိမ်မြောက် ပေးအပ်တဲ့ စစ်ရေးအကူအညီထဲမှာ ဒေါ်လာ သန်း ၃၀၀ ကျော် တန်ကြေး ရှိ ခဲယမ်းမီးကျောက်တွေနဲ့ အပိုအစိတ်အပိုင်းတွေ ပါဝင်မယ်လို့ ကာကွယ်ရေးဝန်ကြီး ပေါဂျွန်ဆင်က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
လက်နက်ကြီးကျည်နဲ့ အပိုအစိတ်အပိုင်းတွေဟာ CV-90 သံချပ်ကာယာဉ်၊ အမြောက်ကြီးနဲ့ Leopard 2 တင့်ကားတွေအတွက်ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆွီဒင်နိုင်ငံက ယူကရိန်းသို့ထောက်ပံ့မယ့် စစ်ရေးအကူအညီထဲမှာ မိုင်းရှင်းကိရိယာတွေ၊ ယူက ရိန်းမှာ လေကြောင်းအသာစီးမှုရရှိစေဖို့ ယူကရိန်းရဲ့ တိုက်ခိုက်မှုကို ကာကွယ်ရာမှာ အရေးပါတဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
ယူကရိန်းသို့ သံချပ်ကာယာဉ် အစင်း ၅၀ ပေးပို့ကာ လက်နက်ကြီးတွေ၊ ပခုံးထမ်းဒုံးကျည်တွေ ပေးပို့မယ် လို့ ဆွီဒင်နိုင်ငံက ဇန်နဝါရီလအတွင်း ကြေညာခဲ့ပါတယ်။ Leopard 2 တင့်ကား ၁၀ စင်းနဲ့ HAWK ဒုံးခွင်းစနစ် ပေးပို့မယ်လို့ ဆွီဒင်နိုင်ငံက ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားကျူးကျော်စစ် ဖြစ်ပွားပြီးနောက် ဆွီဒင်နိုင်ငံဟာ အခြားတိုင်းပြည်များ သို့ စစ်လက်နက် မထောက်ပံ့ဆိုတဲ့မူဝါဒကို ပယ်ဖျက်ကာ ယူကရိန်းသို့ ထောင်နဲ့ချီတဲ့ AT4 တင့်ဖျက်လက်နက် တွေ ပေးပို့ဖို့ ကတိပြုခဲ့ပါတယ်။
ဆွီဒင်နိုင်ငံဟာ ရုရှားကျူးကျော်စစ် ဖြစ်ပွားပြီးနောက်ပိုင်း ယူကရိန်းသို့ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တန် ကြေးရှိ စစ်ရေးအကူအညီတွေ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံက ယူကရိန်းသို့ ခရိုနာ ၅ ဒသမ ၂ ဘီလီယံတန်ကြေးရှိ လူသားချင်းစာနာမှုအကူအညီနဲ့ အရပ် ဘက်အကူအညီ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။
ကိုးကား – AFP
Ref; Sweden to donate ammo, spare parts worth $300 million to Ukraine