ဧရာဝတီတိုင်းမ်
မောင်တော၊ ဩဂုတ် ၁၈ ရက်

မောင်တောမှာ ဒေသခံပြည်သူတွေရဲ့ခ ရီးသွားလာခွင့်တွေကို စစ်ကောင်စီက ကန့်သတ်တားမြစ်တာတွေပြုလုပ်နေတာမို့ ဒေသခံပြည်သူတွေ အခက်အခဲတွေကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။

မောင်တောနယ်စပ်ကုန်သွယ်ရေးအတွက်အဓိကအ ရေးပါတဲ့အငူမော် – မောင်တောကားလမ်းတလျှော က်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ရွာအ၀င်အထွက်နဲ့ သွားလာမှုတွေကို ကန့်သတ်ထားတာလို့ ​ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီရွာတွေမှာ ညနေ ၆ နာရီဆိုရင် ရွာထဲကနေရွာပြင်ကို မထွက်ရဘူးလို့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲစခန်းတွေကနေ တားမြစ်နေတာလို့ ဆိုကြပါတယ်။

“စံပယ်ကုန်းမှာ ကားမီးရှို့တာဖြစ်ပြီးက တည်းက ဒီလို လုပ်လိုက်တာ။ကျွဲ၊နွားကျောင်းဖို့လယ်ကွင်းသွားဖို့ဟာကိုတောင် လွတ်လွတ်လပ်လပ်မသွားရဘူး။ဒီနယ်မြေတစ်ခုလုံးမှာ အဲလိုလုပ်ထားတာ။”လို့ အင်းဒင်ရွာသားတစ်ဦးက ပြောပါတယ်။

အဲဒီကားလမ်းတလျှောက်ရှိကျေးရွာတွေကဒေသခံအများစုဟာ တောတောင်တွေ၊မြစ်၊ချောင်းတွေမှာ ဟင်းခူး၊ငါးရှာပြီးအသက်မွေးဝမ်းကျောင်းနေကြသူတွေများတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ခုတော့ အဲဒီလိုမျိုးသွားရှာဖို့တောင်လုံ ခြုံရေးအရစိုးရိမ်နေကြရသလို သွားလာခွင့်တွေကန့်သတ်တား မြစ်ခံလိုက်ရတာလို့ ဆိုကြပါတယ်။

ဒါကြောင့်ဒေသခံတွေမှာ အပြင်ထွက်အလုပ်လုပ်ဖို့ အခက်ကြုံနေကြရတယ်လို့ ဆိုကြပါတယ်။

“အင်းဒင်စခန်းက အကြီးဆုံးလူကအဲလိုလုပ်နေတာ။အလုပ်တွေလည်း ကောင်းကောင်းမလုပ်ရဘူး။”လို့ အင်းဒင်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီအပြင်အငူမော် – မောင်တောကားလမ်းတလျှော က်မှာလည်း ကား၊ဆိုင်ကယ်တွေကို ည ၆ နာရီကျော်ရင် သွားခွင့်မပေးတော့ဘူးလို့ ခရီးသွားတွေနဲ့ဒေသ ခံတွေက ဆိုကြပါတယ်။

“အရင်ဆိုရင် ခြောက်နာရီထိုးရင်လည်းဆိုင်ကယ်တွေဆို သွားလို့ရတယ်။အခု ဘာမှ သွားလို့မရတော့ဘူး။”လို့ မောင်တောဒေသခံနောက်တစ်ဦးက ပြောပါတယ်။

မောင်တောမြို့နယ်မှာ ညမထွက်ရအ မိန့်ကို ၂၀၁၂ ကနေဒီနေ့ထိထုတ်ပြန်ထားပေမယ့် ညမထွက်ရအ ချိန်ဟာ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိပဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“အရင်နှစ်တွေကလည်း ဒီလိုလုပ်တယ်။ကိုယ့်အလု ပ်ကို လုပ်စားဖို့ဟာတောင် အဆင်မပြေဘူးလေ။”လို့ သင်္ဘောကွေ့ရွာသားတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂ ၂ ခုနှစ်၊တကျော့ပြန်တိုက်ပွဲ‌ကာလတုန်းကလည်း အငူမော်- မောင်တောကားလမ်းကို သုံးလကျော်ကြာပိတ်ထား ခဲ့ပါတယ်။

ရခိုင်မှာ အပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စီကတပ်အပြောင်းအရွေ့လုပ်တာ၊ရိက္ခာ၊လက်နက်၊အင်အားဖြည့်တာတွေ ဆက်တိုက်လုပ်လာခဲ့ပြီး ရဲကင်းစခန်း၊တပ်စခန်းတွေကိုလည်း ခံစစ်အနေအထားဘန်ကာတွေလုပ်နေခဲ့တယ်လို့ နီးစပ်သူတွေက ဆိုကြပါတ ယ်။

(ဓာတ်ပုံ-အငူမော်-မောင်တောကားလမ်းပေါ်မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ/BNA)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times