
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်တဲ့ ဆိုနာလီဘဏ်က အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရ တဲ့ မြန်မာနိုင်ငံမှ ဘဏ်အကောင့်နှစ်ခုကို ထိန်းချုပ်လိုက်ပြီး လိုအပ်ရင် အရေးယူမှုတွေ ထပ်မံ ပြုလုပ်မယ်လို့ ပြောပါတယ်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေဟာ အမေ ရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့အကြောင်း ဒါကာမြို့တော်ရှိ အမေရိကန်သံရုံးက မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကြောင်းကြားခဲ့ပါတယ်။
အဆိုပါမြန်မာဘဏ်နှစ်ခုက ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဆိုနာလီဘဏ်မှာ ဘဏ်အကောင့်တွေ ဖွင့်လှစ်ထား တယ်ဆိုတာကိုလည်း အမေရိကန်သံရုံးက အသိပေးခဲ့ပါတယ်။
“မြန်မာဘဏ်နှစ်ခုဟာ ကျွန်တော်တို့ဘဏ်မှာ ဒေါ်လာ ၁ ဒသမ သန်း အပ်နှံထားပေမယ့် အမေရိကန်နိုင် ငံက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပြီးနောက် ကျွန်တော်တို့က အဲဒီဘဏ်အကောင့်တွေကို ထိန်းချုပ်လိုက်တာ ကြောင့် ငွေတွေကို ထုတ်မရတော့ပါဘူး” လို့ ဆိုနာလီဘဏ် ဉီးဆောင်ညွှန်ကြားရေးမှူးနဲ့ အမှုဆောင်အရာရှိချုပ် အက်ဇယ်ကာရင်က ပြောပါတယ်။
မြန်မာဘဏ်အကောင့်နှစ်ခုနဲ့ပတ်သက်လို့ ဗဟိုဘဏ်ရဲ့ ထင်မြင်ယူဆချက်တွေ တောင်းခံထားတယ်လို့ အမည်မဖော်လိုတဲ့ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
ဆိုနာလီဘဏ်မှာ မြန်မာဘဏ်နှစ်ခု အပ်နှံထားတဲ့ ဒေါ်လာ ၂၀၀၀၀၀ ရှိပြီး ဗဟိုဘဏ်ရဲ့ ထင်မြင်ယူဆ ချက်ရရှိရင် အရေးယူမှုတွေ ထပ်မံ ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုနာလီဘဏ်က မြန်မာဘဏ်အကောင့်နှစ်ခုနဲ့ပတ်သက်လို့ အကြောင်းကြားထားတဲ့ စာတစ်စောင်ကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများဌာနက သြဂုတ်လ ၃ ရက်မှာ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာဘဏ်အကောင့်နှစ်ခုဟာ လက်ရှိမှာ အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတယ်ဆိုတာ နိုင် ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့တယ်လို့ ဒါကာမြို့တော်ရှိ အမေရိကန်သံရုံးကို ကိုးကားပြီး အဆိုပါစာ က ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံက ဇွန်လအတွင်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကိုးကား – The Daily Star
Ref; Sonali Bank freezes accounts of 2 Myanmar banks