ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၇ ရက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ရှိ ပန်းတိုင်စစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်ကစပြီး လူငယ်အမျိုးသားများအား မှတ်ပုံတင်တောင်းစစ်ဆေးကာ ငွေညစ်တောင်းယူမှုများရှိနေကြောင်းဒေသခံခရီးသွားများထံမှ သိရသည်။

ပန်းတိုင်စစ်ဆေးရေးဂိတ်၌ လူငယ်အမျိုးသားအား မှတ်ပုံတင်တောင်းယူစစ်ဆေးမှုများကို ပြီးခဲ့သည့် သြဂုတ်၁၀ ရက်နေ့ကစပြီး နေ့စဥ်ပြုလုပ်လာကြောင်း ညောင်တုန်းမြို့ခံများထံမှ သိရသည်။

” မှတ်ပုံတင်တွေတောင်းပြီးစစ်လာတာနှစ်ရက်ရှိပြီ။ အရင်ကအဲ့လောက်မစစ်ဘူး။အခုကစစ်ဆေးတာများလာတာ။ရန်ကုန်အသွားကောအပြန်ကော ယောက်ကျားလေးချည်းပဲအကုန်အစစ်ခံနေရတယ်” ဟု လူငယ်ခရီးသွားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် ရန်ကုန်တိုင်းသို့သွားရောက်သူများနှင့် ဧရာဝတီတိုင်းအတွင်းသို့ပြန်ဝင်သူများအား စိစစ်ရန် စစ်ဆေးရေးတင်းကြပ်ထား
သည့်ဂိတ်ဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းဝိုင်းမှ သိရသည်။

သို့သော် စစ်ကောင်စီတပ်နှင့် ရဲများမှ လူငယ်ခရီးသွားများအား မသင်္ကါသူဟုသံသယရှိကြောင်းစွပ်စွဲကာ အနည်းဆုံး ငွေ ၅ သောင်းပေးမှသာ ပြန်လွှတ်ပေးလေ့ရှိကြောင်း ခရီးသွားလူငယ်အမျိုးသားများထံကသိရသည်။

ညောင်တုန်းမြို့နယ်ရှိ ပန်တိုင်စစ်​ဆေးရေးဂိတ်တွင် မကြာခနဆိုသလို စစ်ကောင်စီတပ်၊ ရဲ၊ လဝကနှင့်ယာဥ်ထိန်းရဲတို့မှ အဖွဲ့အင်အားအများအပြားဖြင့်ခရီးသွားယဥ်အကြီးအငယ်နှင့် ကုန်တင်ယာဥ်များအား နေ့ရောညပါ စစ်​ဆေးရေးလုပ်ဆောင်၍ ငွေကြေးကောက်ခံလေ့ရှိပြီး ရရှိလာသည့်ငွေကို ခွဲတမ်းချယူမှုများရှိနေကြောင်း သိရသည်။

#ညောင်တုန်းမြို့ #ပန်တိုင်စစ်ဆေးရေးဂိတ် #ငွေတောင်းခံ #စစ်ကောင်စီတပ် #Ayeyarwaddy_Times