
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်
နိုင်ငံတွင်း ပဋိပက္ခတွေ အရှိန်မြှင့်လာတာကြောင့် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာမှာ မြန်မာနိုင်ငံက အ လှည့်ကျ တာဝန်ယူမယ့်အစီအစဉ်ကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အာဆီယံဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင်နိုင်ငံက လက်ခံယူမှာဖြစ်ပြီး မြန်မာနိုင်ငံက ၂၀၂၇ ခုနှစ်မှ တာဝန်ယူမယ်လို့ ထိုင်း PBS သတင်းဌာနက ဖော်ပြပါတယ်။
ပြည်တွင်းရေး အခြေအနေနဲ့ အသင့်မပြင်ဆင်ရသေးတာကြောင့် မြန်မာက ၂၀၂၇ ခုနှစ်မှသာ အာဆီယံအ လှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမယ်လို့ အမည်မဖော်လိုတဲ့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်း က ဖော်ပြပါတယ်။
အဆိုပါဆုံးဖြတ်ချက်ကို အခုချိန်ထိ အတည်မပြုရသေးပေမယ့် မြန်မာစစ်ကောင်စီ လက်ရှိ ရင်ဆိုင်နေရ တဲ့ စိန်ခေါ်မှုတွေကြောင့် ယင်းသတင်းက ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လာအိုနိုင်ငံက ၂၀၂၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဌ တာဝန်ယူမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အတိုက်အခံတွေကို ဖိနှိပ်ကာ အရပ်သား တစ်ပိုင်းအုပ်ချုပ်ရေးကို ပြန်သွားနိုင်မယ့် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေအရ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေမရှိဘူးဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။
စစ်ကောင်စီဟာ မကြာသေးမီက အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လသက်တမ်းတိုးကာ ရွေးကောက်ပွဲကျင်းပမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
၂ဝဝ၆ ခုနှစ်ကလည်း မြန်မာနိုင်ငံက ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာနဲ့ ပြည်တွင်းပြဿနာတွေ ကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံထံ အစားထိုး တာဝန်ပေးခဲ့ဖူးပါတယ်။
ကိုးကား – The Diplomat
Ref; Myanmar to Relinquish ASEAN Chairmanship in 2026, Report Claims