
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်
အမေရိကန်နိုင်ငံက တောင်ကိုရီးယားကို ကာကွယ်ပေးဖို့ သံန္နိဌာန်ချထားဆဲဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဆာဘရီနာဆင်းချ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ရန်လိုသောရည်ရွယ်ချက် မရှိဘူးလို့ ဆာဘရီနာ ဆင်းချ်က ထပ်လောင်းပြောကြားလိုက်ပါတယ်။
“တောင်ကိုရီးယားကို ကာကွယ်ပေးဖို့ ကျွန်မတို့ သံန္နိဌာန်ချထားဆဲဖြစ်သလို ဒေသတွင်း တည်ငြိမ်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ လက်တွဲဆောင်ရွက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
စစ်ပွဲ ဖြစ်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က ညွှန်ကြားပြီးနောက် ဆာဘရီနာက အခုလို မှတ်ချက်စကားပြောခဲ့တာဖြစ်ပါတယ်။
အလုပ်သမားပါတီ ဗဟိုစစ်ဘက်ကော်မရှင် အစည်းအဝေးတစ်ခုမှာ ကင်ဂျုံအန် ပြောကြားခဲ့တဲ့ မှတ်ချက် နဲ့ပတ်သက်လို့ မေးမြန်းရာမှာ “မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကိုဖြေရှင်းဖို့ ကျွန်မတို့ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ဆက်လက် လက်တွဲဆောင်ရွက်မယ်” လို့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမယ့် အမေရိကန်နိုင်ငံရဲ့ ကတိကဝတ်ကိုလည်း ဆာဘရီနာ ဆင်းချ်က ထပ်လောင်းအတည်ပြုခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံအတွက် ထောက်ခံအားပေးကြောင်း ထုတ်ဖော်ပြောခဲ့ပါ တယ်။
“ကိုရီးယားနှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ကျွန်မတို့ ထောက်ခံပြီး မိတ်ဖက် တွေကတစ်ဆင့် ဆက်လက်ပြီး လက်တွဲဆောင်ရွက်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Yonhap
Ref; U.S. commitment to defense of S. Korea remains firm, supports inter-Korean dialogue: Pentagon