ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၇ ရက်

ရုရှားနဲ့ ယူကရိန်းလိုမျိုး တိုင်းပြည်တွေက ပါဝင်ယှဉ်ပြိုင်ရင် ယူကရိန်းက ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်ပြိုင်ပွဲ ကို သပိတ်မှောက်နိုင်တယ်လို့ ယူကရိန်းဝန်ကြီးချုပ် ဒင်းနစ်ရှမီဟဲလ်က အရိပ်အမြွက်ပြောပါတယ်။

ရုရှားကျူးကျော်မှုကြောင့် ယူကရိန်း အားကစားသမားနဲ့နည်းပြ ၃၄၀ သေဆုံးခဲ့ရတယ်လို့ ဒင်းနစ်ရှမီ ဟဲလ်က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ လူမှုကွန်ရက်ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။ ရုရှားတို့ရဲ့ တိုက်ခိုက်မှုကြောင့် အားကစားအဆောက်အအုံ ၃၄၃ ခု ပျက်စီးခဲ့ရတယ်လို့ သူက ဆိုပါတယ်။

“အားကစားနဲ့ စစ်ရေးကျူးကျော်တိုက်ခိုက်မှု တစ်ခြားစီဖြစ်ပါတယ်။ ယူကရိန်းပြည်သူတွေရဲ့ သွေးစွန်း နေတဲ့နိုင်ငံတွေက အိုလံပစ်အားကစားပြိုင်ပွဲတွေမှာ မယှဉ်ပြိုင်နိုင်ပါဘူး” လို့ သူက ရေးသားခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းကို အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပြုရင် သန့်ရှင်းမျှတသော အားကစားဖြစ်ရေး ကမ္ဘာ့နိုင်ငံ ၃၅ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အပြည်ပြည်ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့က ပါရီအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ဖို့ အသင့် ဖြစ်နေပြီလို့ ဒင်းနစ်ရှမီဟဲလ်က ပြောပါတယ်။

ပါရီအိုလံပစ်ပြိုင်ပွဲမှာ ယူကရိန်းနိုင်ငံက ပါဝင်ယှဉ်ပြိုင်ခြင်း ရှိ မရှိဆိုတဲ့ အပြီးသတ်ဆုံးဖြတ်ချက် မချမှတ် ရသေးဘူးလို့ ယူကရိန်း အမျိုးသားအိုလံပစ်ကော်မတီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

ပါရီအိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘီလာရုစ် အားကစားသမားတွေ ယှဉ်ပြိုင်ခွင့်ပြု မပြု အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက ဆုံးဖြတ်ပြီးနောက် ဆုံးဖြတ်ချက်ချမှတ်မယ်လို့ ယူကရိန်း အိုလံပစ်ကော်မတီက ဆိုပါတယ်။

ကိုးကား – NHK
Ref; Ukraine hints at Olympic boycott if Russia and Belarus take part

#Ayeyarwaddy_Times