
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၆ ရက်
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့တွင် အိမ်ထောင်စုစာရင်းအသစ်ပြုလုပ်ရန်နှင့် ဧည့်စာရင်းစစ်ခ အကြောင်းပြကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ငွေအတင်းအကျပ်ကောက်ခံနေကြောင်း မြို့ခံများထံကသိရသည်။
ဓနုဖြူမြို့ရှိ ရပ်ကွက်နေရာအလိုက် ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်ကစပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ အိမ်ထောင်စုစာရင်းအသစ်ပြုလုပ်ရန်အကြောင်းပြကာ အိမ်ထောင်စုတစ်ခုလျှင် ငွေ ၃၅၀၀ ကျပ်ထပ်မနည်းကောက်ခံမှုရှိနေကြောင်းမြို့ခံများမှပြောသည်။
” အိမ်ထောင်စု စာရင်းအသစ်လုပ်ရမယ်ဆိုပြီး အိမ်ထောင်စုအလိုက်ပိုက်ဆံကောက်တယ်။ အုပ်ကြီးကိုစာရင်းသွင်းခ ၂၅၀၀ ပေးရတယ်။ စာရွက်ခဆိုပြီး ရုံးစာရေးနဲ့ရာအိမ်မှူးကို ၁၀၀၀ ထပ်ပေးရတယ်။ ရုံးကိုလှမ်းမေးကြည့်တော့မိတ္တူခ၅၀၀ ကလွဲပြီးဘာမှပေးစရာမလိုဘူးပြန်ပြောတာ။ အုပ်ချုပ်ရေးအဖွဲ့တွေလည်းငတ်နေပြီလားမသိဘူး” ဟု မြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ယငွေကြေးကောက်ခံမှုများမှာ အမှတ် (၉)ရပ်ကွက် နှင့် (၁၄)ရပ်ကွက်တို့တွင် အဆိုးဆုံးဖြစ်ပြီး နေ့စဥ်ဧည့်စာရင်းစစ်ခဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိကောက်ခံနေကြောင်း ရပ်ကွက်အတွင်း နေထိုင်သူများကပြောဆိုသည်။
” အခုငွေကောက်တဲ့ရပ်ကွက်နေရာတွေမှာ အမှတ် (၉)နဲ့ အမှတ်(၁၄)ရပ်ကွက်တွေကအဆိုးဆုံးပဲ။ အဲ့မှာကသာမန်လက်လုပ်လက်စားတွေပဲနေတာများတော့တမင်ငွေညစ်နေတာ” ဟု အမှတ် (၉)ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကဆိုသည်။
ထို့ပြင် ဓနုဖြူမြို့အတွင်းရှိ ရပ်ကွက်နေရာအလိုက်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ရဲနှင့် စစ်ကောင်စီတပ်မှလောင်းကစားဝိုင်းများကို လစဥ်ကြေးငွေ ၅ သိန်းထက်မနည်း ကောက်ခံကာခွင့်ပြုပေးနေကြောင်းလရပ်ကွက်အတွင်းနေထိုင်သူများထံက သိရသည်။
#ဓနုဖြူမြို့ #စစ်ကောင်စီတပ် #အုပ်ချုပ်ရေးအဖွဲ့ #အိမ်ထောင်စုစာရင်း #Ayeyarwaddy_Times