ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၆ ရက်

ပြင်သစ်နိုင်ငံက ရုရှားအပေါ် တင်းကျပ်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပြီး ယူကရိန်းသို့ စစ် လက်နက်တွေ ထောက်ပံ့ပေးမှု တိုးမြှင့်တော့မယ်လို့ သမ္မတရုံး ထုတ်ပြန်ချက်တစ်ရပ်ကို ကိုးကားပြီး AFP သတင်း ဌာနက ဖော်ပြပါတယ်။

ဉရောပတိုင်းပြည်တွေ၊ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရုရှားနိုင်ငံအပေါ် ပိုမိုပြင်းထန်တဲ့ စီး ပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ စနေနေ့ညနေပိုင်းကပြုလုပ်တဲ့ လုံခြုံရေးနဲ့ အမျိုး သားကာကွယ်ရေးကောင်စီ အစည်းအဝေးမှာ ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်က ဆုံးဖြတ်ခဲ့တာလို့ သိရပါ တယ်။

နိုင်ငံ့အဆင့်က ရုရှားအာဏာပိုင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မယ့် အစီအမံတွေကိုလည်း လုပ် ဆောင်သွားဖို့ သူက စိတ်ပိုင်းဖြတ်ထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ယူကရိန်းအာဏာပိုင်တွေသို့ စစ်လက်နက်တွေ၊ လောင်စာဆီတွေ ထောက်ပံ့ပေးဖို့လည်း သမ္မတ မေခရွန် က ဆုံးဖြတ်ခဲ့တယ်လို့ သမ္မတရုံးက ပြောပါတယ်။

ယူကရိန်းသို့ တင့်ဖျက်လက်နက် ၁၀၀၀နဲ့ စတင်းဂါးဒုံးကျည် ၅၀၀ လက် ပေးပို့မယ်လို့ ဂျာမနီနိုင်ငံက ပြီး ခဲ့တဲ့ စနေနေ့နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။ နယ်သာလန်နဲ့ အက်စတိုနီးယားနိုင်ငံတွေက ယူကရိန်းသို့ ဂျာမနီ လုပ်ဒုံးကျည်တွေ ပေးပို့ဖို့ အစောပိုင်းမှာ ဂျာမနီနိုင်ငံက ခွင့်ပြုခဲ့ပါသေးတယ်။

ဂျာမနီနိုင်ငံထုတ် စစ်လက်နက်တွေကို တတိယနိုင်ငံတွေသို့ ပေးပို့တာကိုခွင့်ပြုဖို့ အစောပိုင်းမှာ ဂျာမနီ က အပြင်းအထန် ငြင်းဆန်ခဲ့ပါတယ်။

ဒွန်ဘတ်စ်ပြည်သူ့သမ္မတနိုင်ငံတွေမှ အကြီးအကဲတွေရဲ့ တောင်းဆိုချက်ကြောင့် ယူကရိန်း အထူးစစ်ဆင် ရေး လုပ်ဆောင်ခဲ့ရတာလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂၄ ရက်က ရုပ်သံမိန့်ခွန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

မော်စကိုအနေနဲ့ ယူကရိန်း ပိုင်နက်နယ်မြေတွေကို သိမ်းပိုက်ဖို့ အစီအစဉ်မရှိဘဲ စစ်မဲ့ဇုန်ဖြစ်ရေးသာ ရည်ရွယ်တယ်လို့ ပူတင်က ဆိုပါတယ်။

ကိုးကား – TASS
Ref; France to boost military assistance to Ukraine, toughen anti-Russian sanctions

#Ayeyarwaddy_Times