
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်
စစ်ခေါင်းဆောင်တည်ထားကိုးကွယ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကို သြဂုတ်လ ၁၉ ရက်နေ့အထိအခမဲ့ဖူးမြော်နိုင်ပြီး သြဂုတ်လ ၂၀ ရက်နေ့မှစတင်ကာသတ်မှတ်နှုန်းထားအတိုင်းဝင်ကြေးကောက်ခံမည်ဟု ထုတ်ပြန်ထားသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးအား သြဂုတ်လ ၂၀ ရက်နေ့ကစတင်ပြီး လူကြီး ၊ ကလေးတစ်ဦးလျှင် ဝင်ကြေး ကျပ် ၁၀၀၀ နှင့် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ဒေါ်လာ ဝင်ကြေးပေးရမည်ဖြစ်သည်။ ထို့အပြင် ဖုန်းအပါအဝင် အပျော်ရိုက်ကင်မရာ တစ်လုံးလျှင် ၅၀၀၀ ကျပ်၊ အလှဓာတ်ပုံရိုက် လျှင် ကျပ်၅၀၀၀၀ ကောက်ခံမည်ဖြစ်ကာ ယာဥ်တစ်စီးကို ၂၀၀၀၀ကျပ်နှင့် Buggy ၁ စီးလျှင် ငွေကျပ်၁၀၀၀၀ နှုန်းကောက်ခံမည်ဟု သတင်းထုတ်ပြန်ထားသည်။
လာရောက်ဖူးမြှော်သည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ အနေဖြင့် စိတ်အေးချမ်းစွာ ဖူးမျှော်ရန်နှင့် ဥယာဉ်တော်ကြီးရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သည့် ပြုပြင်ထိမ်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကုသိုလ်တော်ပါဝင်ရေးအတွက် ကောက်ခံခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
#စစ်ခေါင်းဆောင်တည်သည့် #မာရဝိဇယ #ပြုံးတော်မူဘုရားကြီး #ဖူးမျှော် #ဩဂုတ်လ ၂၀ရက် #စတင်ကာဝင်ကြေးကောက်ခံမည် #Ayeyarwaddy_Times