ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်

တိုင်းပြည်ရဲ့ ဒုံးကျည်ထုတ်လုပ်မှုစွမ်းရည်ကို သိသိသာသာ တိုးမြှင့်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမိန့်ပေးလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့က အရေးပါတဲ့ လက်နက်စက်ရုံတွေကို သွားရောက်လည်ပတ်ချိန်မှာ ကင်ဂျုံအန်က အခုလို ညွှန်ကြားခဲ့တာလို့ အာဏာရ အလုပ်သမားပါတီရဲ့ Rodong Sinmun သတင်းစာက ဖော်ပြ ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ထုတ်လုပ်တဲ့ ခဲယမ်းမီးကျောက်တွေထဲမှာ နည်းဗျူဟာမြောက်ဒုံးကျည်တွေ၊ လောင်ချာတွေနဲ့ ဒုံးပစ်လောင်ချာတွေ ပါဝင်ပါတယ်။

ကင်ဂျုံအန်က အသစ်ထုတ်လုပ်ထားတဲ့ တိုက်ခိုက်ရေးသံချပ်ကာယာဉ်တစ်စင်းကို မောင်းနှင်နေတဲ့ပုံတွေ ကို အာဏာရပါတီရဲ့သတင်းစာပေါ်က ဓာတ်ပုံတွေမှာ ဖော်ပြထားပါတယ်။

ရှိယင်းစွဲ ဒုံးကျည်ထုတ်လုပ်မှုစွမ်းရည်ကို သိသိသာသာ တိုးမြှင့်ရေး အရေးပါတဲ့ ရည်မှန်းချက်တစ်ရပ်ကို ကင်ဂျုံအန်က သတ်မှတ်ပေးခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။

ဒီလအစောပိုင်းမှာလည်း ကင်ဂျုံအန်ဟာ ရွေ့လျားဒုံးကျည်ပစ်စင်တွေ၊ မဟာဗျူဟာမြောက် ခရုစ်ဒုံး ကျည်တွေ ထုတ်လုပ်တဲ့ လက်နက်စက်ရုံတွေအပါအဝင် အရေးပါတဲ့ လက်နက်စက်ရုံတွေကို သွားရောက်ခဲ့ပါ သေးတယ်။

ဒီလ ၂၁ ရက်မှာစတင်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကို ရီးယားက ကန့်ကွက်ကြောင်းပြသလိုတဲ့ ကင်ဂျုံအန်ရဲ့ စစ်ဆေးရေးခရီးစဉ်တွေလို့ လေ့လာသူအချို့က ပြောပါ တယ်။

ရုရှားရဲ့ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ မြောက်ကိုရီးယားက ရုရှားသို့ စစ်လက်နက်တွေတင်ပို့ဖို့ ကြိုးပမ်း ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားနိုင်ငံပိုင် ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; North Korea’s Kim orders drastic increase in missile production capacity

#Ayeyarwaddy_Times