ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်

ရာထူးမှဖြုတ်ချခံထားရတဲ့ သမ္မတ မိုဟာမက်ဘာဖွမ်ဟာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုခံရနိုင် တယ်လို့ ဇူလိုင်လ ၂၆ ရက်က အာဏာသိမ်းယူခဲ့တဲ့ နိုက်ဂျာစစ်တပ်က ပြောပါတယ်။

အာဏာသိမ်းခေါင်းဆောင်တွေက ဘာဇွမ်ကို အကျဉ်းချကာ ရွေးကောက်ခံအစိုးရကို ဖျက်သိမ်းခဲ့တာ ကြောင့် အနောက်အာဖရိကနိုင်ငံတွေက ပြစ်တင်ရှုတ်ချကာ ဘာဇွမ်ကို ရာထူးပြန်ခန့်အပ်ဖို့ စစ်ရေးနည်းလမ်း အ သုံးပြုနိုင်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်သစ္စာဖောက်မှု၊ နိုက်ဂျာနိုင်ငံရဲ့ ပြည်တွင်း၊ ပြည်ပလုံခြုံရေး ချိုးဖောက်မှုကြောင့် ဖြုတ်ချခံ သမ္မတကို တရားစွဲဆိုဖို့ လိုအပ်တဲ့အဖွဲ့အစည်းတွေကို ဖွဲ့စည်းပြီးပြီလို့ နိုက်ဂျာစစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးကြီး အမာဒူအက်ဒရာမာနေးက နိုင်ငံပိုင်ရုပ်သံမှာ ပြောပါတယ်။

အာဏာသိမ်းမှုနဲ့ပတ်သက်လို့ လိပ်ခဲတည်းလည်းအခြေအနေကို သံတမန်နည်းလမ်းနဲ့ဖြေရှင်းဖို့ ဆန္ဒရှိ နေတဲ့ နိုက်ဂျာစစ်အစိုးရနဲ့ ဆွေးနွေးမှုတွေပိုမိုပြုလုပ်ဖို့ အနောက်အာဖရိက ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ ECOWAS က မျှော်မှန်းနေပါတယ်။

နီယာမေမြို့တော်မှာ နိုက်ဂျာစစ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံနိုင်ရေး ကော်မတီတစ်ရပ် စေလွှတ်လိုတယ်လို့ အာ ဖရိကလွှတ်တော်က ပြီးခဲ့တဲ့စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

အနောက်အာဖရိကနဲ့ ဗဟိုအာဖရိကမှာ သုံးနှစ်အတွင်း ခုနှစ်ကြိမ်မြောက် အာဏာသိမ်းမှုကြောင့် စိုးရိမ်မှု မြင့်တက်လာတဲ့ လက္ခဏာတစ်ခုအဖြစ် နိုက်ဂျာအရေး ဆွေးနွေးဖို့ အဖွဲ့ဝင် ၅၅ နိုင်ငံပါ အာဖရိက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကောင်စီသမဂ္ဂက ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

အဓိက ယူရေနီယမ်ထုတ်လုပ်သူနဲ့ အစ္စလာမ္မစ် သောင်းကျန်းမှု တိုက်ဖျက်ရာမှာ မဟာမိတ်တစ်ခုဖြစ်တဲ့ နိုက်ဂျာအာဏာသိမ်းမှုက ဒေသတွင်းမှာ မဟာဗျူဟာမြောက် အကျိုးစီးပွားရှိတဲ့ ပြိုင်ဘက် ကမ္ဘာ့အင်အားကြီး တွေအတွက် သြဇာယှဉ်ပြိုင်ရာလည်း ဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; Niger junta: Ousted President Bazoum could be prosecuted for high treason

#Ayeyarwaddy_Times