ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၄ရက်

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် ရှားခဲတိုက်နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့နံနက်ပိုင်းက အမျိုးသား(၇)ဦး ကိုတော်လှန်ရေးအင်အားစုများအပေါ် ထောက်ပို့လုပ်သည်ဟု အကြောင်းပြကာဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ဒေသခံများထံက သတင်းရရှိသည်။

ဖမ်းဆီးခံရသော အမျိုးသားများမှာ အသက် ၂၅ နှစ်မှ အသက် ၃၂ နှစ် အရွဘ်ရှိ လူငယ်လူ ရွဘ်များ ဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ရှားခဲဒေသခံ အမျိုးသမီးတစ်ဦးကဧရာဝတတီတိုင်းမ်ကိုပြောသည်။

” PDF အဖွဲ့ကိုထောက်ပို့လုပ်တယ်ဆိုပြီးတော့ လူငယ်လေးတွေကို စစ်တပ်နဲ့ရဲအဖွဲ့က လာဖမ်းသွားတာ။ယောက်ျားလေးတွေချည်းပဲရွေးပြီးခေါ်သွားတယ်။ သတင်းရလို့လာဖမ်းတာလို့ကြားတယ်” ဟု သူမကပြောသည်။

ဖမ်းဆီးခံထားရသည့် လူငယ်၊လူလတ်အရွယ်အမျိုးသား(၇)ဦးကို ဟင်္သာတမြို့နယ်ရဲစခန်းတွင် ဖမ်းဆီးထားပြီး အကြမ်းဖက်ပုဒ်မဖြင့် အရေးယူစစ်ဆေးနေကြောင်း ဟင်္သာတမြို့နယ်ရဲစခန်းနှင့် နီးစပ်သည့် ရဲသတင်းအရင်းအမြစ်ထံက သိရသည်။

ဟင်္သာတမြို့ နယ်တွင် မြို့တွင်းလုံခြုံရေးအဖြစ် စစ်ကောင်စီတပ်ခလရ ၁၈ နှင့် ရဲအင်အား ၁၅ ဦးခန့်ဖြင့် နေ့စဥ်လုံခြုံရေးတင်းကြပ်ထားသလို မြို့နှင့်နီးစပ်သည့်ကျေးရွာများတွင်လည်း လုံခြုံရေး ကင်းလှည့်မှုများ ပြုလုပ်နေသည်။

#ရှားခဲ #အမျိုးသား၇ဦး #PDFထောက်ပို့လုပ်သည်ဟုဆိုကာဖမ်းဆီး #Ayeyarwaddy_Times