နွေဦးမောင် /ဧရာဝတီတိုင်းမ်

သြဂုတ်လ ၁၄ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ ကျုံဒိုးရဲစခန်းနှင့် စစ်ကောင်စီတပ်ခြေမြန် တပ်ရင်း (ခမရ-၅၄၅)ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး နှင့် တပ်ရင်းမှူး၏ဇနီးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့နံနက်ပိုင်း ၊ (၇၃)နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့က ကျုံဒိုးရဲစခန်းတွင် ဗုံး တစ်လုံး ၊ ခမရ (၅၄၅)တပ်ရင်းတွင် ဗုံးတစ်လုံး ကြဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ခမရ (၅၄၅) က တပ်ရင်းမှုးမိန်းမ နဲ့ တပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိသွားတယ်။ ကား တစ်စီးပါပျက်စီးသွားတယ်” ဟု ဂဠုန်စစ်ကြောင်း(Galon Column)မှတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ခမရ (၅၄၅) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ပြီး ဒေသခံပြည်သူ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှု့ကို Spring UAV Force G3 (Fixed Wings) နှင့် ဂဠုန်စစ်ကြောင်း(Galon Column)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ဓာတ်ပုံ -ပေးပို့ (ဒရုန်းဖြင့်ဗုံးသီးကြဲချနေစဉ်)

#ကျုံဒိုးရဲစခန်း #ခမရ၅၄၅ #ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် #တပ်ရင်းမှူးဇနီးနှင့်တပ်ဖွဲဝင်များ #ထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times