
ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဩဂုတ် ၁၄ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ချင်းကာကွယ်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို အရှင်ဖမ်းမိထားကြောင်း ဒေသတွင်းသတင်း ဖော်ပြချက်များ အရသိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအပါအဝင် လူနေအိမ် လေးလုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ၏ ထိခိုက်မှုရှိ/မရှိအခြေအနေကိုမူ လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးပေ။
ထို့ပြင် လက်ရှိအချိန်အထိ ဟားခါးမြို့ အခြေစိုက် စစ်ကောင်စီတပ်ကုန်းမှနေ၍ ကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုနှင့်ပတ်သက်၍ ချင်းကာကွယ်ရေးတပ်ဖွဲ့(ထန်တလန်)ကို ဧရာဝတီတိုင်းမ်က ဆက်သွယ်လျှက်ရှိပြီး ဆက်သွယ်၍ မရသေးပေ။
ဓာတ်ပုံ-လေကြောင်းတိုက်ခိုက်မှုကြောင့် ခွာဖိုကျေးရွာပျက်စီးမှု။
#ထန်တလန်မြို့ #စစ်ကောင်စီတပ်စခန်း #ချင်းကာကွယ်ရေးတပ်ဖွဲ့များ #ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times