ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၄ ရက်

ထိုင်ဝမ်က အာဏာရှင်ဆန်သောခြိမ်းခြောက်မှုတွေကို ကြောက်ရွံ့မှာမဟုတ်ပေမယ့် တရုတ်နိုင်ငံနဲ့ ဆွေး နွေးဖို့ ဆန္ဒရှိတယ်လို့ အမေရိကန်ခရီးစဉ်အတွင်း ထိုင်ဝမ်ဒုတိယသမ္မတ ဝီလီယံလိုင်က ထောက်ခံသူတွေကို ပြော ပါတယ်။

လာမယ့်နှစ် ဇန်နဝါရီလအတွင်းပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ ထိုင်ဝမ်သမ္မတသစ်ဖြစ်ဖို့ တစ်ပြေး နေသူ ဝီလီယံလိုင်ဟာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ပါရာဂွေးနိုင်ငံမှ ပြန်လာပြီးနောက် အမေရိကန် နိုင်ငံမှာ ခရီးတစ်ထောက် ဝင်ရောက်တာဖြစ်ပါတယ်။

ပါရာဂွေးနိုင်ငံဟာ ထိုင်ဝမ်နဲ့ တရားဝင်ဆက်ဆံရေး ထူထောင်ထားတဲ့ ကမ္ဘာ့နိုင်ငံ ၁၃ နိုင်ငံအနက် တစ် နိုင်ငံဖြစ်ပါတယ်။

ပါရာဂွေးနိုင်ငံမှ ပြန်လာပြီးနောက် ဆန်ဖရန်စစ္စကိုမြို့တော်မှာ ခရီးတစ်ထောက်နားတာဟာ ပုံမှန်လုပ်ရိုး လုပ်စဉ်လို့ ထိုင်ဝမ်နဲ့ အမေရိကန်နိုင်ငံက ပြောပေမယ့် တရုတ်နိုင်ငံက အဆိုပါလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဝီလီယံလိုင် အား ခွဲထွက်ရေးဝါဒီတစ်ဉီးလို့ သမုတ်ခဲ့ပါတယ်။

“ထိုင်ဝမ်က ဘေးအန္တရာယ်ကင်းရင် ကမ္ဘာကြီးလဲ ဘေးကင်းမယ်။ ထိုင်ဝမ်ရေလက်ကြားက ငြိမ်းချမ်းရင် ကမ္ဘာကြီးလဲ ငြိမ်းချမ်းမယ်” လို့ လိုင်က နယူးယောက်မြို့တော်မှာ ထောက်ခံသူတွေကို ပြောကြားခဲ့ပါတယ်။

“ထိုင်ဝမ်အပေါ် အာဏာရှင်ဝါဒ ဘယ်လိုပဲခြိမ်းခြောက်ပါစေ ထိုင်ဝမ်က ဒီမိုကရေစီနဲ့ လွတ်လပ်မှုတန်ဖိုး တွေကို ကိုင်စွဲသွားပါမယ်” လို့ သူက ဆိုပါတယ်။

ထိုင်ဝမ်ရဲ့ အချုပ်အချာအာဏာကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး ထိုင်ဝမ်ပြည်သူတွေကသာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်ကာ တရုတ်နဲ့ထိုင်ဝမ်က တစ်နိုင်ငံတည်းမဟုတ်ဖူးလို့ ဝီလီယံလိုင်က ပြောပါတယ်။

ဝီလီယံလိုင်က ပါရာဂွေးနိုင်ငံမှအပြန် အမေရိကန်နိုင်ငံမှာ ခရီးတစ်ထောက်နားတာကို ထိုင်ဝမ်နဲ့ အမေရိ ကန်က အလေးမထားပေမယ့် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။

တရုတ်က ထိုင်ဝမ်ကို အရေးပါဆုံး သံတမန်ရေးပြဿနာအဖြစ် ရှုမြင်ပြီး တရုတ်နဲ့ ထိုင်ဝမ်ရဲ့ အရေးပါ ဆုံး နိုင်ငံတကာထောက်ခံသူနဲ့ လက်နက်ထောက်ပံ့သူ အမေရိကန်ကြား ပွတ်တိုက်မှုတွေဖြစ်စေတဲ့ အဓိကအရာ တစ်ခုဖြစ်ပါတယ်။

ကိုးကား – CNA
Ref; Taiwan will not back down to threats, says its vice president during US trip

#Ayeyarwaddy_Times