ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၁၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြိုနယ် ၊ သစ်ပုတ်ကုန်းကျေးရွာ ပုသိမ်-ငွေဆောင်ကားလမ်းဘေးတွင် တည်ဆောက်နေသည့်တိုက်မှာ သြဂုတ်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီအချိန်က ပြိုကျခဲ့ပြီးတစ်ဦးသေဆုံးကာ၊ လေးဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။

အဆိုပါတိုက်ကို အင်ဂျင်နီယာမခေါ်ဘဲ ပန်းရံဆရာများဖြင့်သာဆောက်လုပ်နေရာမှ ပြိုကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာလည်း ပန်းရံဆရာများဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

” သေတာရော ဒဏ်ရာရတာရော ပန်းရံအလုပ်သမားတွေပါ၊ အဓ်ိကကတော့ ပန်းရံလုပ်တတ်ရုံနဲ့ တိုက်တစ်လုံးလွယ်လွယ်နဲ့ ငွေနည်းနည်း ရမယ်ဆိုပြီးခေါ်ဆောက်တဲ့အပြစ်တွေပဲ။ အင်ဂျင်နီယာသဘောကိုနားမလည်တော့ခုလိုဖြစ်ပြီး လူတွေလဲထိခိုက် ပစ္စည်းတွေလဲဆုံးရူံးကုန်တာ”လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

တိုက်ပြိုကျမှုအတွင်း သေဆုံးသွားသူမှာ ပန်းရံလုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် ကိုသိန်းဇော်ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားသည် တိုက်ပြိုကျသည့်အချိန် အုတ်တိုင်ပိကာဦးခေါင်းကြေမွကာ နေရာတွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသား ၄ ဦးဖြစ်သည့် ဦးသက်မျိုး၊ ကိုရှိုင်း၊ လုံးလုံး၊ ဦးစိုးသူတို့မှာ ထိခိုက်ဒဏ်ရာများရ ရှိသဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းသိရှိရသည်။

ဆောက်လက်စတိုက်၏အပေါ်အမိုးအား အလုပ် သမား ၁၀ ဦးခန့် တက်ရောက်ပြီးအုတ်စီရန်ပြင်ဆင်စဥ် တိုင်အခြေ ပြတ်တောက်ပြီး အမိုးဆလပ်ဝိတ် မခံနိုင်သဖြင့် ပြို ကျပျက်စီးခဲ့ကာ ယခုလို ထိခိုက်သေဆုံးမှုများဖြစ်ပေါခဲ့ကြောင်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

#ပုသိမ် #ဆောက်လက်စတိုက် #ပြိိုကျ #အမျိုးသားတစ်ဦးသေဆုံး #Ayeyarwaddy_Times