
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ပစ်မှတ်ထားတဲ့ ယူကရိန်း မောင်းသူမဲ့လေယာဉ် အ စင်း ၂၀ ရဲ့ တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ယူကရိန်းဒရုန်း ၁၄ စင်းကို ပစ်ချနိုင်ခဲ့ပြီး ခြောက်စင်းကို ပျက်စီးအောင်လုပ်နိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက တယ်လီဂရမ်မှာ ပြောပါတယ်။ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့ခြင်းရှိ မရှိကို ယူကရိန်း တာဝန်ရှိသူတွေက အတည်မပြုသလို ငြင်းဆန်ခဲ့ခြင်း မရှိပါဘူး။
ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ယူကရိန်းဒုံးကျည်တွေကို ပစ်ချပြီး တိုက်ခိုက်မှုတစ်ရပ်ကို ဟန့်တားခဲ့တယ်လို့ ရုရှားက ခန့်အပ်ထားတဲ့ ခရိုင်းမီးယား အုပ်ချုပ်ရေးမှူး ဆာဂျီအက်စယိုနော့ဗ်က ပြောပါ တယ်။
ယူကရိန်းက ခရိုင်းမီးယားတံတားကို တိုက်ခိုက်ဖို့ကြိုးပမ်းတာကို ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အ ပြင်းအထန် ရှုတ်ချခဲ့ပြီး ယူကရိန်းစစ်တပ်ရဲ့လုပ်ရပ်တွေက အဖြေမရှိဘူးလို့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။
ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားကို ဆက်သွယ်ပေးထားတဲ့ အဆိုပါတံတားဟာ မော်စကိုအတွက် အလွန် အရေးပါပြီး စစ်တပ်နဲ့ အရပ်ဘက်သုံးပစ္စည်းတွေ ပို့ဆောင်ရေးအတွက် အဓိက တံတားတစ်စင်းဖြစ်ပါတယ်။
မော်စကိုမြို့တော်နဲ့ တစ်ကမ္ဘာလုံးက တရားမဝင်လို့ သတ်မှတ်ထားတဲ့ ၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံက တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်အပေါ် မကြာသေးမီ သီတင်းပတ်တွေအတွင်း ဒရုန်းနဲ့တိုက် ခိုက်တာတွေ မြင့်တက်လာခဲ့ပါတယ်။
ယူကရိန်းက တစ်စိတ်တစ်ပိုင်း ပြန်လည်သိမ်းပိုက်ထားတဲ့ ဇာပိုရီဇီယာမြို့တော်ကို ရုရှားတို့က ဗုံးကြဲ တိုက်ခိုက်ရာ ရဲတစ်ဖွဲ့ဝင်တစ်ဉီး ကျဆုံးပြီး ၁၂ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး အိုင်ဟော် ကလီမန်ကိုက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက တင်းပြည့် ကျူးကျော်မှု စတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းက အိုဒက်ဆာမြို့တော်ရှိ ကမ်းခြေအများအပြားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
ကိုးကား – Asahi Shimbun
Ref; Russia downs 20 drones over Crimea following a spate of attacks on Moscow