ဧရာဝတီတိုင်းမ်
မောင်တော၊သြဂုတ်လ ၁၃ ရက်

မောင်တောမြောက်ပိုင်းရှိစစ်ကောင်စီရဲ့ကြိမ်ချောင်းတပ်မအနီးကားလမ်းပေါ်မှာ သြဂုတ်လ ၁၂ ရက်၊ဒီနေ့ညနေကအိမ်စီးကားတစ်စီးကိုအာဆာအကြမ်း ဖက်သမားတွေက မီးတိုက်ခဲ့ပြီးကားပေါ်ပါလာသူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပြောကြပါတယ်။

”အာဆာတွေက ကားကိုမီးတိုက်ပြီးကားပေါ်ကလူနှစ်ယောက်ကိုဖမ်းသွားပါတယ်။အာဆာအယော က်၂၀ ပါတယ်။သေနတ်တွေနဲ့။”လို့ မောင်တောဒေ သခံတစ်ဦးက ပြောပါတယ်။

အဲဒီလိုဖမ်းဆီးခံရသူတွေဟာ မောင်တောမြို့နယ်၊စပယ်ကုံးကျေးရွာက မွတ်ဆလင်နှစ်ဦးဖြစ်ပြီးနောက် ဆက်တွဲအခြေအနေတွေကို BNA က ဆက်လက်စုံစမ်းနေပါတယ်။

အဲဒီမောင်တော-ကြိမ်ချောင်းကားလမ်းတလျှောက် မှာစစ်ကောင်စီရဲ့နယ်ခြားစောင့်စခန်းတွေ၊တပ်ရင်းတွေ၊တပ်မတွေအများကြီးရှိသလိုစစ်ဆေးရေးဂိတ်တွေလည်းရှိနေပါတယ်။

”ဘာကြောင့်လုပ်တယ်လို့မသိပေမယ့်စစ်ကောင်စီမှာ တာဝန်ရှိပါတယ်။ဒါကစစ်တပ်ကိုမကြောက်လို့အာဆာကပေါ်တင်လုပ်လာတာပါ။အရင်လိုပြန်ဖြစ် လာမှာကိုကြောက်ပါတယ်။”လို့မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က အာဆာအကြ မ်းသမားတွေရဲ့တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးမြန်မာစစ်တပ်ကနယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့
ဆိုထားပါတယ်။

အဲဒီနေရာတွေမှာပြီးခဲ့တဲ့နှစ်မိုးရာသီကရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။

နောက်ဆက်တွဲသတင်းတွေကိုဆက်လက်တင်ပြပေးပါမယ်။

(ဓာတ်ပုံ-အာဆာအကြမ်းသမားတွေ မီးတိုက်ခဲ့တဲ့ကား/ပေးပို့)

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)

#Ayeyarwaddy_Times