ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၃ ရက်
မကြာသေးမီက ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တစ်ခုမှာ မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုအတွင်း ဖယ်ရှားခဲ့တဲ့ အသက် ၇၈ နှစ်အရွယ် အရပ်သားအစိုးရခေါင်း ဆောင်ရဲ့ ထောင်ဒဏ်ကို ခြောက်နှစ် လျှော့ချပေးခဲ့ပါတယ်။ စစ်
ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည် တော်ထောင်မှာ တစ်နှစ်ကျော်ကြာ ချုပ်နှောင်ပြီးနောက် နေအိမ်အကျယ်ချုပ်အဖြစ် ရွှေ့ပြောင်းတဲ့သတင်းတွေ ထွက်ပေါ်အပြီးမှာ တစ်ပတ်အ ကြာမှာ အခုလို သူမရဲ့ပြစ်ဒဏ်ကို လျှော့ပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်ဟာစွဲချက်အ မျိုးမျိုးနဲ့ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ သမ္မတဟောင်း ဉီးဝင်းမြင့်ကို ထောင်ဒဏ် ၄ နှစ် လျှော့ပေးခဲ့သလို အကျဉ်း သား ၇၀၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ သဘောထားပြောင်းသွားတယ်လို့ ကျွန် တော်တို့ မထင်မြင်သင့်ပါဘူး။ အာဏာသိမ်းစစ်ကောင်စီဟာ ပြည်တွင်းပြည်ပရဲ့ ဖိအားတွေရှိလာချိန်တိုင်း လွတ် ငြိမ်းချမ်းသာခွင့်ကို ပုံမှန်ဆိုသလို အသုံးပြုပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့် မကြေညာမီ တစ်ရက်အလိုမှာ အတိုက်အခံတွေရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင် တာကြောင့်လို့ဆိုပြီး စစ်ကောင်စီက အရေးပေါ်အခြေအနေကို စတုတ္ထအကြိမ် သက်တမ်းတိုးကာ ရွေးကောက်ပွဲ ကျင်းပမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အကြမ်း ဖက်မှုတွေ ကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်ကို ဆန့်ကျင်မှုတွေ ကြီးထွားလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ ချွတ်ခြုံကျလာခဲ့ပြီး အပြုသဘောဆောင်တဲ့ အနာဂတ်မရှိတဲ့တိုင်းပြည် ဖြစ်လာခဲ့ပါတယ်။
လက်ရှိ နေပြည်တော်မှာ ဘန်ကာအထပ်ထပ်နဲ့ နေထိုင်နေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ထိပ်တန်း ဆုံး ဖြတ်ချက်ချမှတ်သူတွေဟာ တိုင်းပြည်တစ်ဝှမ်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပိုင်နက်နယ်မြေစိုးပိုင်မှုရ ရှိရေး ရုန်းကန်နေရပါတယ်။ ဒီလိုအခြေအနေမှာ ပြည်သူတွေဟာ ပြည်ပသို့ ထွက်ပြေးဖို့နဲ့ တော်လှန်ရေးမှာ လက် နက်စွဲကိုင်တော်လှန်ဖို့သာ စိတ်အားထက်သန်နေပါတယ်။
တိုင်းပြည်တစ်ဝှမ်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့ အာဏာ သိမ်းခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်ဉီးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပြော ကြားခဲ့ပါတယ်။ လုံခြုံရေးအထပ်ထပ်ချထားတဲ့ နေပြည်တော်ခံတပ်ထဲက စစ်ဗိုလ်ချုပ်ကြီးတွေအတွက် အမှန်တ ရားကတော့ ဘယ်လိုရွေးကောက်ပွဲမဆို သူတို့ကို အရှက်ရစေနိုင်တယ်ဆိုတာပါဘဲ။ အရှေ့တောင်အာရှဒေသရဲ့ ကုန်းမြေဧရိယာ ဒုတိယအကြီးဆုံး မြန်မာနိုင်ငံရဲ့ ထက်ဝက်ကျော်မှာ အစိုးရတပ်ဖွဲ့တွေ မထိန်းချုပ်နိုင်တော့ပါ ဘူး။
စစ်ကောင်စီလေယာဉ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကို အထိနာစေပေမယ့် အဲဒီမဟာဗျူဟာက ပြည်သူတွေရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်ဖို့ ခက်ခဲပါတယ်။ ဗဟိုအစိုးရရဲ့ ပိုင်နက်နယ်မြေ ထိန်းချုပ်မှု တစ်စတစ်စလျော့နည်းလာမှုက တိုင်းပြည်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မေးခွန်းတွေ ရှိလာစေပါတယ်။ အာဆီယံဒေသမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ မြန်မာ့အရေးက အိမ်နီး ချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအတွက် သိသာတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာစေပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဆီယံအဖွဲ့နဲ့ သဘောတူညီထားတဲ့ တူညီဆန္ဒငါးရပ်ကို လိုသလို ကစား ဖို့ ကြိုးပမ်းနေပါတယ်။ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် ဒေသတွင်း ထိပ်သီး ဆွေးနွေးပွဲတွေနဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မြန်မာထိုင်ခုံကို အလွတ်ထားပြီး စစ်ကောင်စီကိုယ်စား လှယ်တွေကို တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။ ဘယ်သူကမှ အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ လက်တွဲနှုတ်ဆက်လိုခြင်း မရှိပါဘူး။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုမဖြစ်ပွားမီက အဓိကပြဿနာမှာ မြန်မာနိုင်ငံအနောက်ပိုင်းရှိ မူဆလင်လူ နည်းစုဖြစ်တဲ့ ရိုဟင်ဂျာအရေးသာ ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသားရေးရာနဲ့ စီးပွားရေး မညီမျှမှုလိုမျိုး အခြားကိစ္စရပ် တွေကို မီဒီယာတွေနဲ့ မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော် ၁၆ ခုမှာ တစ်ခါတစ်ရံမျှသာ ဆွေးနွေး ခဲ့ကြပါတယ်။ အာဏာသိမ်းမှုကြောင့် အကြမ်းဖက်မှုတွေ၊ မယုံကြည်မှုတွေ၊ အစွန်းရောက်မှုတွေနဲ့ မျက်ကန်းမျိုး ချစ်ဝါဒတွေသာ အစားထိုးလာခဲ့ပါတယ်။
တက္ကသိုလ်တွေကနေ တက်ရောက်ခွင့်ပိတ်ပင်ခံထားရပြီး တင့်ကားတွေ၊ ကျည်ဆံတွေကို ရဲရဲဝံ့ဝံ့ အာခံခဲ့ တဲ့ မြန်မာနိုင်ငံမှ လူငယ်တွေဟာ ရွေးချယ်စရာ မရှိတော့တာကြောင့် တောထဲနဲ့ နယ်စပ်တွေကို ရောက်လာကြပါ တယ်။ လူငယ်အချို့က စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေသလို အများစုက အကျဉ်းချခံထားပြီး အချို့က သေဆုံးကုန်ကြပါပြီ။ အာဏာသိမ်းရတာနဲ့ တိုင်းပြည်မတည်မငြိမ်ဖြစ်ရတာ အတိုက်အခံတွေကြောင့်လို့ စစ်တပ် က အပြစ်ဖို့ပါတယ်။
စစ်တပ်ကြောင့်ရရှိခဲ့ ဒဏ်ရာတွေကနေ မြန်မာနိုင်ငံက ပြန်လည်ရုန်းထနိုင်မလားဆိုတာ ရှင်းရှင်းလင်း လင်း မသိရပါဘူး။ မြန်မာနိုင်ငံရဲ့ စနစ်တစ်ခုလုံး လဲပြိုကာ အာဏာရှင်တွေ နိုင်ငံ့အာဏာ ဆက်ထိန်းနိုင်ဖို့ မဖြစ် နိုင်ဘူးလို့ အချို့က ထင်မြင်ယူဆကြပါတယ်။ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံတစ်ခုအဖြစ် ဉီးတည်နေပါပြီ။ ပြီးခဲ့တဲ့သီ တင်းပတ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးနောက် ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့ ဆုံးဖြတ်တာဟာ အံ့အား သင့်စရာတော့ မဟုတ်ပါဘူး။
စစ်တပ်ရဲ့စနစ် မခိုင်မာတော့သလို တာဝန်ယူထားသူတွေ မနိုင်မနင်းဖြစ်လာတာကို ရွေးကောက်ပွဲကျင်း ပမယ့်အစီအစဉ် ရွှေ့ဆိုင်းမှုက ဖော်ပြနေပါတယ်။ ဘယ်သူကမှ အာဏာ သိမ်းစစ်ကောင်စီကို အယုံအကြည်မရှိတဲ့ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာဟာ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုကို ချိုးဖောက်ခဲ့ယုံသာမက ပြည်ပအစိုးရတွေရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကိုလည်း စမ်းသပ်တာဖြစ်ပါတယ်။
အရင်က စစ်တပ်ရဲ့ ထိန်းသိမ်းမှုကို ၁၅ နှစ် ကြာ ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ အကြီးတန်းခေါင်းဆောင်ကို အခုချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ရာ ဗိုလ်ချုပ်ကြီးတွေ ရင်ဆိုင်နေ ရတဲ့ ပကတိအရှိတရားမှာ သူတို့အနေနဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်တော့မှ ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်မရ ဘူးဆိုတာပဲဖြစ်ပါတယ်။ စစ်ကောင်စီက လောင်းကြေးထပ်နေဆဲဖြစ်ပြီး တစ်ဖြည်းဖြည်း ကမ္ဘာကြီးနဲ့ အိမ်နီးချင်း တိုင်းပြည်တွေက စိတ်ဝင်စားမှု မရှိတော့ဘဲ လူသားချင်းစာနာမှုပုံစံ အကူအညီတစ်ချို့ ပြန်ခွင့်ပြုဖို့ဖြစ်ပါတယ်။
တရုတ်၊ ရုရှားတို့နဲ့ ဆက်ဆံရေးထိန်းသိမ်းဖို့က စစ်ကောင်စီအတွက် အရေးပါတဲ့ မဟာဗျူဟာတစ်ခု ဖြစ် ပါတယ်။ ဗိုလ်ချုပ်ကြီးတွေက ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေစဉ် အာဆီယံအဖွဲ့က မြန် မာ့အရေးမှာ အပြည့်အဝ ပါဝင်မယ့်လက္ခဏာ မရှိပါဘူး။ စစ်ကောင်စီက အရေးပေါ်အခြေအနေ သက်တမ်းတိုး တာနဲ့ ရွေးကောက်ပွဲရွှေ့ဆိုင်းတာဟာ စစ်တပ်ရဲ့ အာဏာဆုပ်ကိုင်မှုကို တစ်ဖြည်းဖြည်း အင်အားချိနဲ့စေဖို့ မျှော် လင့်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အားတက်စေပါလိမ့်မယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေရဲ့ ထောင်ပြစ်ဒဏ်ကို အနည်းငယ် လျှော့ပေါ့ပေးယုံနဲ့ အတိုက်အခံတွေရဲ့ စစ်အာဏာရှင်အပေါ် တော်လှန်မှုကို ယုတ်လျော့စေမှာမဟုတ်ပါဘူး။
South China Morning Post မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Nicholas Farrelly နဲ့ Adam Simpson တို့ရဲ့ Why Myanmar’s brutal military junta can never defeat Aung San Suu Kyi ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။