ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊သြဂုတ်လ ၁၂ ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ လောင်းမြို့နယ်တွင် ရှစ်လေးလုံး နှစ်ပတ်လည်နေ့က စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး စစ်ဗိုလ်နှင့်ပျူစောထီး စုစုပေါင်း နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ထံကသိရသည်။

သြဂုတ်လ ၈ ရက် နေ့လယ် ၃ နာရီခန့်အချိန်က ကျောက်နီမော်ရွာဘက်ကနေ ကျောက်ဝပ်ပြင်ရွာဘက်သို့ ဦးတည်ထွက်လာသော အင်အား ၁၀ ဦးခန့်ပါသည့် စစ်ကောင်စီတပ်ကို LLPDF က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရေဖြူမြို့နယ်၊ကလိန်အောင်မြို့၊ကျောက်ရှပ်ရွာ အခြေစိုက် ခမရ (၄၁၀) တပ်ရင်းမှ ဗိုလ်ဝေမင်းသူနဲ့ ပျူစောထီး စုကမ်းတို့ နှစ်ဦးသည် နေရာတင်ပွဲချင်းပြီးသေဆုံးပြီး သုံး ဦးက အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” အဲဒီတိုက်ပွဲမှာက စစ်ဗိုလ် တစ်ဦးသေတယ်။ ပြီးတော့ နာမည်ကြီး ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်ရဲ့ တပည့် ညာလက်ရုံး စုကမ်း လည်းသေသွားတယ်။ ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပြီး မကြာခင်မှာပဲ့ စစ်ကူတွေ ချက်ချင်းရောက်ချလာတယ်။ကျွန်တော်တို့ ရဲဘော်တွေချက်ချင်းပြန်လည်ဆုတ်ခွာခဲ့ရတယ် “ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။

ယင်းတိုက်ပွဲတွင် သေဆုံးသွားသည့် ဗိုလ်ကြီးဝေမင်းသူ နှင့် ပျူစောထီး စုကမ်းတို့ နှစ်ဦး၏ အလောင်းတွေကို ကျောက်နီမော်ရွာ သင်္ချိုင်းတွင် သြဂုတ်လ ၉ ရက် က သဂြိုလ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုနောက် စစ်ကောင်စီတပ်များသည် ထားဝယ်မြို့မှ အင်အား ၅၀ ခန့် အား ရေကြောင်းမှတဆင့် ကျော်နီမော်ရွာကို အင်အားတိုးချထားသည့်အတွက် ပြည်သူတွေအနေဖြင့် မလိုလားအပ်ပဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန်လည်း သတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ-သေဆုံးသူ ကလိန်အောင်မြို့အခြေစိုက်
ခမရ ၄၁၀ တပ်ရင်း မှ ဗိုလ်ကြီးဝေမင်းသူ

#လောင်းလုံးမြို့နယ်တွင် #စစ်ကောင်စီယာဥ်တစ်စီး #တိုက်ခိုက်ခံရပြီး #စစ်ဗိုလ်နှင့်ပျူစောထီးသေဆုံး #Ayeyarwaddy_Times