ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၂ ရက်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်ပြေးမှု မကြာခဏဖြစ်ပေါ်နေသည့် ဟိုင်းကြီးမြို့ရှိ ရေတပ်စခန်းသို့ ဩဂုတ်လ ၁၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါခရီးစဥ်တွင် စစ်ခေါင်းဆောင်သည် တပ်တွင်းရှိ စစ်သည်များနှင့် မိသားစုဝင်များကို တွေ့ဆုံပြီး စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း တပ်အသိုင်းဝိုင်းမှ သိရသည်။

” မကြာခင်မှာ တည်ငြိမ်အေးချမ်းတော့မှာမလို့ သီးခံပြီးစောင့်ပေးဖို့ပြောတယ်၊ ပြီးတော့ ရွေးကောက်ပွဲလည်း အမြန်ဆုံးပြန်လုပ်ပေးမယ်ပေါ့ အဲ့လိုမျိုးတွေ ပြောသွားတယ် ”ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ထို့နောက် အရာရှိနှင့် အခြားအဆင့် စစ်သည်များအပြင် ဇနီးမယားအနေဖြင့် မိမိတို့ တပ်မတော်အား ချစ်မြတ်နိုးရေး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ထိန်းကြောင်းကာ စစ်တပ်မှ ထွက်ပြေးသည့် ကိစ္စများ မဖြစ်ပေါ်ရေးအတွက်လည်း တိုက်တွန်းခဲ့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဧရာဝတီတိုင်း ခရီးစဥ်တွင် ပုသိမ်မြို့ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ်အတွင်း တပ်နယ်တွေ့ဆုံပွဲကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #တပ်ပြေး #ဧရာဝတီတိုင်း #Ayeyarwaddy_Times