ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်
အာဏာသိမ်း မြန်မာစစ်တပ်ဆီကို လက်နက်နဲ့ဝင်ငွေစီးဆင်းမှု ဖြတ်တောက်ရေး ပိုမိုလုပ်ဆောင်ကြဖို့ Burma Campaign UK က ယနေ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်အတွက် ဝင်ငွေတွေကို ပစ်မှတ်ထားပြီး ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမှုသစ်တွေ လုပ်ဆောင်ခဲ့တာ ငါးလရှိလာခဲ့ပြီဖြစ်ပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို တုံ့ပြန်မှုအနေနဲ့ ဒဏ်ခတ်အရေးယူမှုတွေ မြန်မြန်ဆန်ဆန် လုပ် ဆောင်ခဲ့ပေမယ့် အာဏာသိမ်းစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူတာ နှေးကွေးတယ်လို့ မြန်မာပြည်သူတွေက ဆို ပါတယ်။
လက်ရှိမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြည်သူအများ အပြားဟာ အိုးအိမ်တွေစွန့်ခွာပြီး ထွက်ပြေးနေရပါတယ်။
ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ဆီကိုရောက်ရှိတဲ့ ဝင်ငွေနဲ့ လက်နက်တွေကိုရဲ့ အရင်းအမြစ်တွေကို စနစ်တကျ ဖော်ထုတ်ပြီး ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်နိုင်ပါတယ်လို့ Burma Campaign UK က ဆိုပါတယ်။
မြန်မာအကြံပေးအဖွဲ့ Justice for Myanmar က မြန်မာလက်နက်ကိုင်ပွဲစားကုမ္ပဏီတွေကို ဖော်ထုတ်ခဲ့ ပေမယ့်လည်း ဥရောပသမဂ္ဂက အရေးယူခဲ့ခြင်းမရှိပေ။ အရေးယူမှု နှေးကွေးခြင်းက အာဏာသိမ်းစစ်တပ်ကိုသာ အကျို းဖြစ်ထွန်းစေပါတယ်။ လွတ်လပ်မှုအတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို အကောင်းမွန်ဆုံး ပံ့ပိုးကူညီ မှုက စစ်တပ်သို့ ဝင်ငွေနဲ့ လက်နက်ထောက်ပံ့မှု ဖြတ်တောက်ခြင်းပဲဖြစ်ပါတယ်လို့ Burma Campaign UK က ပြောပါတယ်။
ကိုးကား – Burma Campaign UK
Ref; EU – More Action Needed to Cut Arms and Revenue to the Burmese Military