ဧရာ၀တီတိုင်းမ်

ဩဂုတ် ၁၂ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် မွေးဖွားခါနီး ဓားပြတိုက်ခံရပြီး သတ်ဖြတ်ခံခဲ့ရသည့် ကိုယ်၀န်ဆောင်အမျိုးသမီးဖြစ်သူ မအေးငြိမ်းသူ အသက် (၂၅) နှစ် ကို ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့ ညနေ ၃ နာရီခန့်က နေအိမ်တွင် ဓားပြတိုက် ၀င်ရောက်သတ်ဖြတ်ခြင်း ခံခဲ့ရသည့် ကိုယ်၀န်ဆောင် မအေးငြိမ်းသူကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ထန်းတောအင်းဖြတ်လမ်းရှိ နေအိမ်မှ မြို့မသုဿာန်သို့ ပို့‌ဆောင်သင်္ဂြိုဟ်မည်ဖြစ်ကြောင်း မိသားစုဝင်အချို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လူသတ် ဓားပြတိုက် ပြစ်မှုကျူးလွန်ခဲ့သည့် မုံရွာကျွဲကြီးနှင့်အဖွဲ့ကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့(ပကဖ)နှင့် ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့တို့မှ ပူးပေါင်း၍ ညတွင်းချင်းဖမ်းဆီးရမိခဲ့သည်။

အဆိုပါအဖွဲ့သည် Monywa Force အမည်ဖြင့် မြို့ပေါ် တွင် ဒလန်ရှင်းလင်းရေးအမည်ခံကာ အခကြေးငွေယူ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပြီး ဆက်လက် စစ်ဆေးစုံစမ်းမေးမြန်းနေကာ NUG ကချမှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများအတိုင်း အရေး ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

#မုံရွာ #ကိုယ်၀န်သည် #မအေးငြိမ်းသူ #သတ်ဖြတ်ခံရ #သင်္ဂြိုဟ်မည် #Ayeyarwaddy_Times