
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၂ ရက်
အာဆီယံပါလီမန်များညီလာခံ (AIPA) နိုင်ငံရေးဆိုင်ရာကော်မတီက မြန်မာပြည်သူတွေရဲ့ အခြေအနေကို သုံးသပ်လေ့လာဖို့ မြန်မာနိုင်ငံသို့လာရောက်ဖို့ စီစဉ်နေတယ်လို့ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ်များ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (BKSAP) ဉက္ကဌ ဖာဒီဇွန်က ပြောပါတယ်။
“လွှတ်တော်တွေက အထူးကိုယ်စားလှယ်တွေလို မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာ လေ့လာဖို့ ကျွန်တော်တို့ မြန်မာနိုင်ငံကို သွားရောက်နိုင်ပါတယ်” သူက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ရေး အပါအဝင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကြိုးပမ်းမှု တွေကို စောင့်ကြည့်မယ့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ ဂျကာတာမြို့တော်မှာကျင်းပတဲ့ ၄၄ ကြိမ်မြောက် အာဆီယံပါလီ မန်များညီလာခံ နိုင်ငံရေးဆိုင်ရာကော်မတီက သဘောတူခဲ့တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ်တွေ စေလွှတ်မယ့်အစီအစဉ်က ရုရှား-ယူကရိန်းပဋိပက္ခကြောင့် နှစ် နိုင်ငံစလုံးကပြည်သူတွေရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ အပြည်ပြည်ဆိုင်ရာပါလီမန်များသမဂ္ဂ (IPU) က အထူး လုပ်ငန်းအဖွဲ့ စေလွှတ်တဲ့ပုံစံနဲ့တူညီတယ်လို့ သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံသို့ AIPA အထူးကိုယ်စားလှယ်များ စေလွှတ်ရေးဟာ အဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးနေဆဲဖြစ် တာကြောင့် တရားဝင်ဆုံးဖြတ်ချက်တစ်ရပ် မဟုတ်ကြောင်း သူက ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုကျင်းပရေးမှာ သိ သာတဲ့ အခန်းကဏ္ဍတစ်ရပ်ကနေပါဝင်ဖို့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် အထူးကိုယ်စား လှယ်တွေ စေလွှတ်ဖို့ AIPA က သဘောတူဖို့ သူက မျှော်လင့်ပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေးအပြင် အင်ဒိုနီးရှားနိုင်ငံက တင်သွင်း တဲ့ ဆုံးဖြတ်ချက်နှစ်ချက်အပါအဝင် ကော်မတီက ဆုံးဖြတ်ချက်မူကြမ်းခြောက်ချက်ကို ရေးဆွဲနိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ကိုးကား – Antara News
Ref; AIPA committee planning visit to Myanmar: BKSAP chairperson