
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်
တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ အာဏာသိမ်း စစ်ကောင်စီဝန်ကြီး ဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေး နွေးမှုအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို လျစ်လျူ ရှုခဲ့ပါတယ်။
တရုတ်နိုင်ငံက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဖျက်လိုဖျက်ဆီးလုပ်သူအဖြစ် ပါဝင်နေပြီး ကွန်မြူနစ် တရုတ်နိုင်ငံက ဒီမိုကရေစီအသုံးအနှုန်းကို စိတ်ဝင်စားမှုမရှိပါဘူးလို့ မူဝါဒသုတေသနအဖွဲ့ Poreg က ဖော်ပြခဲ့ပါ တယ်။
မကြာသေးမီက ပုဂံမြို့မှာ ကျင်းပခဲ့တဲ့ ခုနှစ်ကြိမ်မြောက် လန်ချန်-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အ စည်းအဝေးမတိုင်မီမှာ အာဆီယံအဖွဲ့ ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ တရုတ် နိုင်ငံက စစ်ကောင်စီကို ဖိအားပေးမယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။
ဒါပေမယ့် အစည်းအဝေးမှာ တရုတ်နိုင်ငံက မဟာဗျူဟာမြောက် အကျိုးစီးပွားတွေကိုသာ အလေးထား ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဖျက်လိုဖျက်ဆီးလုပ်သူအဖြစ်သာ ပါဝင်ခဲ့ပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ ယင်း၏အကျိုးစီးပွားတွေကို ရှေ့ဆက်ဆောင်ရွက်ဖို့ မြန်မာ့နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို အသုံးချနေတယ်လို့ Poreg အဖွဲ့က ဆိုပါတယ်။
နှစ်နိုင်ငံကြား လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှု အရှိန်မြှင့်ဖို့ ဝမ်ယိနဲ့ ဝဏ္ဏမောင်လွင်တို့က သဘောတူခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းနဲ့ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း သဘောတူညီ ချက် အကောင်အထည်ဖော်ဖို့လည်း ၄င်းတို့က သဘောတူခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်နှစ်ကျော်က ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံထားရတဲ့ အစိုးရတစ်ရပ်ကို ဖြုတ်ချ ကာ အာဏာသိမ်းယူပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက ပြည်သူ ၂၀၀၀ ကျော်ကို သတ်ဖြတ်ကာ ၁၁၀၀၀ ခန့်ကို ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။
ဝမ်ယိက ဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီမျှော်မှန်းချက်နဲ့ပတ် သက်လို့ တစ်ခွန်းတစ်ပါဒမျှ မဖွင့်ဟခဲ့ဘဲ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် လူမဆန်တဲ့ ရက်စက်မှုတွေကို နှုတ် ဆိတ်နေခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – ANI
Ref; China neglects atrocities on pro-democracy protestors in Myanmar