ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်

ယနေ့မနက်ပိုင်းက စတင်ကာ တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်များပစ်ခတ်သည့် လက်နက်ကြိီးကျရောက်ထိမှန်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့မနက် ၂ နာရီခန့်ကစတင်ကာ ​မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် KA၊KNDF၊MBPDF နှင့် ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများစတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီရဲ့ ဖယ်ခုံအမြှောက်တပ်မှလည်း မြို့တွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လျှက်ရှိကြောင်း သိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံ၌ ထိခိုက်ပျက်ဆီးမှုအချို့ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။