
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၀ ရက်
စစ်ကောင်စီခန့် မြန်မာသံအမတ်ကို မေလအတွင်းပြုလုပ်တဲ့ စစ်လက်နက်ပြပွဲ အခမ်းအနားတစ်ခုသို့ တက်ရောက်ခွင့်ပြုတဲ့ တောင်ကိုရီးယားအစိုးရရဲ့လုပ်ရပ်အပေါ် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင် ရာ သံတမန်တစ်ဉီးက ထုတ်ဖော်ပြောလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံ ၁၈ ခုမှ နိုင်ငံခြားသံတမန်တွေကို တင့်ကားတွေ၊ အခြားစစ်လက်နက်တွေ ပြသခဲ့တဲ့ မေလ ၂ ရက်က ဆိုးလ်မြို့တော်ရဲ့ အရှေ့မြောက်ဘက် ၅၂ ကီလိုမီတာအကွာ ပိုချွန်းမြို့မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုသို့ စစ်ကောင်စီခန့် သံအမတ် သန့်စင် တက်ရောက်တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီ ရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
“အခမ်းအနားမှာ K2 တင့်ကားတစ်စင်းပေါ် လက်ထောက်ပြီး ဓာတ်ပုံအရိုက်ခံခဲ့တဲ့ စစ်ကောင်စီခန့် သံအ မတ် သန့်စင်ကို တောင်ကိုရီးယားအစိုးရက အခမ်းအနားကို ဖိတ်ကြားတာနဲ့ပတ်သက်လို့ ကျွန်တော် အလွန်အ မင်း စိုးရိမ်မိပါတယ်” လို့ သောမတ်အန်ဒရူးက ဇွန်လ ၆ ရက်မှာ တောင်ကိုရီးယားအစိုးရထံ ပေးပို့ခဲ့တဲ့ စာတစ် စောင်အတွင်း ပြောကြားခဲ့ပါတယ်။
“အခမ်းအနားမှာ စစ်ကောင်စီသံအမတ်ကို တက်ရောက်ခွင့်ပြုတာဟာ တရားမဝင် အာဏာသိမ်းစစ် ကောင်စီကို တရားဝင် အသိအမှတ်ပြုရာရောက်သလို မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ လွှဲပြောင်းတာနဲ့ပတ် သက်တဲ့ တောင်ကိုရီးယားအစိုးရရဲ့မူဝါဒအပေါ် သံသယရှိစေပါတယ်” လို့ သူက ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို အခမ်းအနားသို့ ဖိတ်ကြားခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ဇူလိုင် လ ၂၆ ရက်က တုံ့ပြန်စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
“ဖိတ်ကြားစာကို အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကို ပေးပို့ခဲ့တာပါ။ အခုလို ဖိတ်ကြားတာဟာ မြန်မာစစ် တပ် သို့မဟုတ် မြန်မာနိုင်ငံရှိ အခြားအဖွဲ့အစည်းတွေထံ စစ်လက်နက်တွေ လွှဲပြောင်းပေးတဲ့ ရည်ရွယ်ချက်မရှိပါ ဘူး” လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ စစ်လက်နက်တွေတင်ပို့တာ ပိတ်ပင်ခဲ့သလို ကာကွယ်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းခဲ့ပါတယ်။
ကိုးကား – Yonhap
Ref; U.N. rights envoy voices concern over S. Korea as Myanmar ambassador attended arms event