
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၉ ရက်
ယူကရိန်းကျူးကျော်စစ်ပွဲမှာ အသုံးပြုနေတဲ့ တိုက်ခိုက်ရေးဒရုန်းတွေ ထုတ်လုပ်မှုတိုးမြှင့်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုင်ငံပိုင်ကုမ္ပဏီတစ်ခုကို ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။
သမ္မတ ပူတင်ဟာ နိုင်ငံပိုင်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ Rostec ရဲ့ အမှုဆောင်အရာရှိချုပ် ဆာဂျီချီမီ ဇော့ဗ်နဲ့ တွေ့ဆုံခဲ့တယ်လို့ ရုရှားသမ္မတရုံးက ပြောပါတယ်။
ရုရှားထုတ် တိုက်ခိုက်ရေးဒရုန်းတွေက အလွန် ထိရောက်မှုရှိတယ်ဆိုတာ သက်သေပြခဲ့တယ်လို့ ပူတင် က ပြောပါတယ်။ ရုရှားထုတ်ဒရုန်းတွေရဲ့ အကျိုးသက်ရောက်မှုက နိုင်ငံခြားစစ်လက်နက်တွေကို မီးလောင်စေယုံ သာမက ခဲယမ်းမီးကျောက်တွေကိုလည်း ပေါက်ကွဲစေတာကြောင့် အကျိုးရှိတယ်လို့ သူက ဆိုပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းသို့ တင့်ကားတွေ၊ အခြားစစ်ရေးအကူအညီတွေ ထောက်ပံ့နေစဉ် ပူတင် က အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
အရှေ့ပိုင်း ဒွန်းနက်စ်ဒေသရှိ ပေါ့ရိုစဗက်ခ်မြို့ကို ရုရှားက ဒုံးကျည်နှစ်စင်းနဲ့ တိုက်ခိုက်ခဲ့ရာ ၅ ထပ် လူနေ အဆောက်အအုံတစ်လုံး အပါအဝင် အဆောက်အအုံ ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ယူကရိန်း ပြည်ထဲရေးဝန် ကြီးဌာနက ပြောပါတယ်။
ရုရှားရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် လူ ၇ ဉီး သေဆုံးကာ ကလေးငယ်တွေ အပါအဝင် လူ ၈၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
“ရုရှားရဲ့ အကြမ်းဖက်မှုတွေိကို ရပ်တန့်ရမယ်” လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက တွစ်တာလူမှုကွန် ရက်မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Putin orders increase in production of attack drones